Episode 3

1.5K 278 36
                                    

Unicode

စနေနေ့ နေ့လည်။

ချီ Groupရဲ့ မြင့်မားတဲ့မိုးမျှော်တိုက်ကြီးတွေရဲ့ရှေ့မှာ သူရပ်နေရတာ ဝမ်ယွမ်ကို အတော်လေး စိတ်မသက်မသာဖြစ်စေသည်။

နောက်ဆုံးတွင်တော့ သူက အတော်လေးအပေါ်ယံသာသာလူဖြစ်နေကြောင်း ဝန်ခံလိုက်သည်။ အစကတော့ ဒီလို သေွးထွက်သံယိုအိမ်ထောင်ရေးဇာတ်ကွက်တွေကို အလွန်ခံနိုင်ရည်ရှိခဲ့ပေမယ့် အဲ့ဒီဓာတ်ပုံကိုမြင်ပြီးနောက်မှာ အနည်းဆုံးတော့ မျက်နှာချင်းဆိုင်တွေ့လိုက်တာက ကောင်းမယ်လို့ခံစားလိုက်ရသည်။ ဒါ့အပြင်ကိုမှ ဝမ်မိသားစုရဲ့စီးပွားရေးကိုကယ်တင်နိုင်ဖို့ မျှော်လင့်ချက်တွေက သူ့အပေါ်မှာပဲမူတည်နေသည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ ဒီကိုလာခဲ့ရတုန်းပဲ။

လမ်းလျှောက်ဝင်လာပြီးနောက် သူ့နာမည်ကို ရုံးခန်းရှေ့မှာ ရဲရဲတင်းတင်းပြောလိုက်သည်။ သူတို့က အဆင်သင့်ပြင်ဆင်ထားပုံရပြီး ပြုံးရွှင်စွာဖြင့် သူ့ကို အစည်းအဝေးခန်းထဲခေါ်သွားကာ ထိုင်ခုံပေါ်တွင်ထိုင်ခိုင်းသည်။ ဝင်လာတော့ သူ့နာမည်ကို ရုံးခန်းရှေ့မှာ ရဲရဲတင်းတင်း ပြောလိုက်တယ်။ သူတို့က အဆင်သင့်ဖြစ်ပုံရပြီး သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ရုံးခန်းထဲ ခေါ်သွားပြီး ထိုင်ခုံပေါ်ထိုင်ခိုင်းတယ်။

"မစ္စတာဝမ် ခဏလောက်စောင့်ပေးပါဦးနော် မစ္စတာချီကအစည်းအဝေးလုပ်နေလို့ပါ.. ပြီးသွားရင် တွေ့ဖို့လာခဲ့ပါလိမ့်မယ်"

သူတို့ ဘာလို့ ကုမ္ပဏီမှာတွေ့ရတာလဲ။ ဝမ်ယွမ်သည် ဆွယ်တာအင်္ကျီနဲ့ ဂျင်းဘောင်းဘီကိုဝတ်ထားရာ အဆင်မပြေဖြစ်နေသည်။ သူသည် ဝတ်စုံပြည့်နဲ့ ကော်လာအဖြူဖြင့် အလုပ်သမားများပြည့်နေသော ရုံးခန်းအဆောက်အအုံကြီးရဲ့အပြင်ဘက်ကိုကြည့်လိုက်မိသည်။ ပိုဆိုးလာစေတာက သူ့အစာအိမ်တောင့်တင်းလာသည်။ အရှေ့စားပွဲပေါ်က လက်ဖက်ရည်အနည်းငယ်သောက်လိုက်ပြီးနောက်တွင် သူ့ဗိုက်က တဗွက်ဗွက်မြည်လာသည်။

ဒုက္ခပဲ.. ဒီအချိန်မှာ ဝမ်းလျောလို့မဖြစ်ဘူးလေ မဖြစ်လို့ရမလား?

ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)Where stories live. Discover now