Unicode
Etran/N- သူ့မိဘတွေက လူဆိုးတွေလို့ထင်ရပေမယ့် သူ့ကို တကယ်ဂရုစိုက်ကြတယ်။ ဒါ့အပြင် သူတို့မှာ လိင်စိတ်တိမ်းညွတ်မှုတွေနဲ့ပတ်သက်လို့လဲ မိသားစုဒရာမာတွေမရှိဘူး..?
ကျိုးယွင်ချင်းနဲ့ပတ်သက်လာတဲ့အခါ ဝမ်ယွမ်ရဲ့နှလုံးသားကအနည်းငယ်နာကျင်နေသေးသော်လည်း ဒါကိုကောင်းစွာဖုံးကွယ်နိုင်ပြီဖြစ်သည်။
"အင်း.. ဒါလည်း ကောင်းတယ်.. မဟုတ်ပါဘူး မဟုတ်ဘူး ငါဆိုလိုတာက စိတ်မကောင်းစရာပဲ။"
နှုတ်ခမ်းများက သနားစရာကောင်းသည်ဟု ဆိုသော်လည်း ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထား၍မရပေ။ ဝမ်ယွမ် မျက်လုံးပြူးသွားရသည်။ သူ့မိဘတွေက သူ့အချစ်ရေးကို သိပ်ဂရုမစိုက်ဖူးဘူး။ သူတို့မှာ တရားမျှတတဲ့ သဘောထားတွေ ရှိခဲ့တာမို့ အခုမှ ဘာကြောင့် ရုတ်တရက် စိုးရိမ်နေကြတာလဲ။
"လူကြီးဝမ် မြန်မြန် အဲ့တာကိုပြောလိုက်လေ" ယဲ့ရှားသည် သူ့သား၏စစစ်ဆေးရေးမျက်လုံးနဲ့ရင်ဆိုင်နေရတာကို အနည်းငယ်ရှက်သွားမိပြီး ဝမ်ချန်းမင်ရဲ့လက်ကိုလှမ်းမဆွဲပဲ မ ေနနိုင်ခဲ့ေပ။
ဝမ်ချန်းမင်ရဲ့ထူထဲသောမျက်ခုံးများက အကြိမ်အနည်းကယ်တွန့်ကွေးသွားသည်။ သူကနှစ်ကြိမ်လောက်ချောင်းဟန့်ပြီး ဝမ်ယွမ်ကို မဝံ့မရဲကြည့်နေသည်။
"ရှောင်ယွမ်.. သားရဲ့ကောင်လေးနဲ့လမ်းခွဲလိုက်ပြီဆိုတော့လေ ဒီအဖေက.. သားကို နောက်တစ်ယောက်နဲ့မိတ်ဆက်ပေးချင်တယ် သားရဲ့ရည်းစားဟောင်းထက် အဆတစ်ရာလောက်သာစေရမယ်လို့ အဖေကတိပေးတယ် ဘယ်လိုထင်လဲဟမ်..?"
ကျိုးယွင်ချင်းထက် အဆတစ်ရာသာတယ်တဲ့လား..? အဲ့တာမသေမျိုးမို့လို့လား။ ကမ္ဘာပေါ်က နတ်ဘုရားတွေက ဒီလူကို မထီမဲ့မြင်ပြုမှာတောင် ကြောက်မိတယ်။
ရယ်စရာတစ်ခုရှာတွေ့လိုက်သလို ဝမ်ယွမ်သည် တစ်ခစ်ခစ်ရယ်လိုက်ကာ “ဟုတ်ပါပြီ... ပြောပါဦး”
"ခုနကဝင်လာတဲ့ အဘိုးချီရဲ့မြေးပါ... ချီ Groupအကြောင်းသားကြားဖူးတယ်မလား... ဝမ်ချန်းမှာရှိတဲ့အဆင့်မြင့်ဟိုတယ်အများစုက.. သူတို့ပိုင်တာ.. သားအိမ်ထောင်ပြုလိုက်ရင်... ”
YOU ARE READING
ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)
RomanceAssociated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just translation, and without permission to translate. Crd and respectly to original author and english...