အခန်းက တိတ်ဆိတ်နေတယ်။
အိမ်အပြင်ဘက်ရှိ နက်ပြာရောင်ကောင်းကင်ကြီးက အေးစက်တဲ့ အဖြူရောင် ကြယ်အစုအဝေးလေးတွေကို ပေါ်လွင်နေစေတယ်။
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ?" နွေဦးလို နွေးထွေးနေတဲ့အခန်းထဲမှာ ချီကျင်းရန်ရဲ့အသံကတော့ အလွန်အေးစက်နေခဲ့တယ်။
ဝမ်ယွမ်က ဒီအခြေအနေကို မျှော်လင့်ထားပြီးဖြစ်တဲ့အတွက် လုံးဝ ထိတ်လန့်မနေပါဘူးနော်။ အဲ့ဒီအစား သူက ရဲတင်းစွာပြန်ပြောလိုက်သည် "ကျွန်တော်က တင်းဟယ်ပင်ပန်းနေတာတွေ့လို့ သူ့ကို ခနလောက် အနားယူခွင့်ပေးလိုက်တာ..."
"ငါက သူ့ကို ဒီဗီလာထဲ စဝင်လာပြီးဆိုကတည်းက တစ်နာရီ ငါးထောင်ပေးထားပြီးသား သူ့ကို အနားယူခိုင်းစေချင်လို့ ပိုက်ဆံအများကြီး အကုန်ခံပြီး ဖိတ်ထားတယ် ထင်နေလား?"
ဝမ်ယွမ်က စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ပေ။ သူ့ပါးပြင်တွေက ရှက်ရွံ့မှုကြောင့် နီမြန်းလာပြီး မျက်နှာသုတ်ပုဝါကိုကိုင်ကာ အိပ်ခန်းထဲက ထွက်လာခဲ့သည်။
ချီကျင်းရန်က တင်းဟယ်ကို ဝင်လာဖို့ဘဲလ်တီးလိုက်ပြီး တစ်ကိုယ်လုံးကို စစ်ဆေးဖို့ကူညီခိုင်းသည်။ ညာဘက်ခြေထောက်က ဒဏ်ရာဟောင်းက သက်သာသွားပြီး ကိုယ်အပူချိန်ကလည်း ကျဆင်းသွားကာ အပူငွေ့နွေးနွေးလေးသာ ကျန်တော့သည်။
"Mr.ချီ တကယ်တော့ Mr.ဝမ်ကို အဲ့လိုမပြောခဲ့သင့်ဘူး သူ မနေ့ညက ခဗျားရဲ့ အိပ်ယာဘေးမှာ တစ်ညလုံးစောင့်နေပေးခဲ့တာ သူ ခဗျားကို တကယ်ဂရုစိုက်ပေးခဲ့တယ်"
ချီကျင်းရန်သည် တကယ်တော့ တင်းဟယ် ပြောပြနေဖို့တောင် မလိုပါဘူး။ ညဘက် သန်းခေါင်ကျော်လောက် သူအဖျားကျသွားပြီး ဖျတ်ခနဲနိုးလာတဲ့အချိန် သူ့ကုတင်ဘေးတွင် ထိုင်နေသော ဝမ်ယွမ်ကိုတွေ့လိုက်ရသည်။ သူက အနည်းငယ်မျက်မှောင်ကြုံ့နေခဲ့ပြီး ပါးစပ်ကလည်း ပွစိပွစိရေရွတ်နေသေးတယ်။
ဒီကောင်လေးက သူ့အကြောင်း အိပ်မက်ထဲမှာ ပြောဆိုနေတာဖြစ်မယ် ဟုတ်တယ်မလား?
သူ့စိတ်ထဲမှာ အတွေးတစ်ခု ချက်ချင်းဝင်လာပြီး ရင်ထဲမှာ ရှုပ်ထွေးတဲ့ခံစားချက်တစ်ခုပေါ်လာသည်။ သူ အဲ့ဒီညက ဝမ်ယွမ်ရဲ့ လည်ပင်းကိုဆုတ်ကိုင်ပြီး ကြမ်းတမ်းစွာပြောဆိုခဲ့ပြီးနောက် ထိုတောင်းပန်စာတွေကို စာမပြန်ခဲ့ဘူး။ ဒါကို ဒီငတုံးေကာင်က သူ့စာသူလုပ်မနေဘဲ ဘာလို့ သူ့ကို လာချဉ်းကပ်နေရတာလဲ?
YOU ARE READING
ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)
RomanceAssociated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just translation, and without permission to translate. Crd and respectly to original author and english...