Unicode
တနင်္လာနေ့မှာ ဝမ်ယွမ် ကျောင်းပြန်တက်ခဲ့တယ်။
ချီကျင်းရန်က ကန်တင်းမှာ ရုတ်တရက်ပေါ်လာပြီး သူ့ကားနဲ့ခေါ်သွားတဲ့ အပြုအမူကြောင့် ကျောင်းတစ်ကျောင်းလုံး သူတို့ရဲ့ဆက်ဆံရေးအပေါ် ကောလဟာလများပျံ့နှံ့နေသည်။ T တက္ကသိုလ်ရဲ့ဖိုရမ်မှာ ဝမ်ယွမ်၏ ရေပန်းစားမှုက သမိုင်းတစ်လျှောက် အမြင့်ဆုံးအခြေအနေကို ရောက်သွားသည်။
နောက်ဆုံးတော့ သူက ကျောင်းမြက်ခင်းပြင်နဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီး အမျိုးသားနတ်ဘုရားဖြစ်တဲ့ ကျောင်းသားဟောင်းဆိုသူနဲ့ ပေါင်းဖက်ခဲ့ပြီ။ ဘယ်သူကမှ မမျှော်လင့်ခဲ့တဲ့ ရွှောင်ဝမ် (爽文) - [MCရဲ့တက်လမ်းက အစကတည်းက ချောမွေ့နေခဲ့တာကြောင့် တခြားသူတွေရဲ့မျက်နှာကိုပုတ်လိုက်ပြီး အမြန်ပြန်ပြောင်းလဲလိုက်တဲ့ပုံစံ အဆင့်မြှင့်တဲ့ စာသားအမျိုးအစား] ရလဒ်အနေနဲ့ကတော့ ဝမ်ယွမ်က ဒီနေ့ သူသွားတဲ့နေရာတိုင်းမှာ တခြားကျောင်းသားတွေရဲ့ လေးစားအားကျမှုတွေနဲ့ မနာလိုမှုတွေကို ခံစားနေရတယ်။
“ဝမ်ယွမ် မင်း ဒီနေ့ ဂီတအသင်းရဲ့လှုပ်ရှားမှုကို သွားမှာလား?” အတန်းပြီးသောအခါ ကျိဟုန်က အူကူလီလီ (ကြိုးလေးချောင်းတပ် ဟာဝိုင်ယီဂီတာ) ကိုကိုင်ပြီး သူ့ဆီကို စိတ်ဝင်တစားချဉ်းကပ်လာသည်။
ukulele
ဝမ်ယွမ်နဲ့ ကျိုးယွင်ချင်းတို့က ဂီတအသင်းမှာ ဆုံခဲါကြတာဖြစ်သည်။ ကျိုးယွင်ချင်းကို ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကို ဝမ်ယွမ်မှတ်မိနေတုန်းပဲ။ လူငယ်လေးက မှန်တံခါးတွေကာရံထားတဲ့ အခန်းထဲမှာထိုင်ပြီး စန္ဒယားတီးနေခဲ့တာ။ ပြတင်းပေါက်ကဖြာထွက်လာတဲ့ နေရောင်ခြည်အလင်းတန်းက သူ့ရဲ့မျက်နှာပေါ်ကျဆင်းနေပြီး သူ့ကို ပိုမိုချောမောလှပစေခဲ့တယ်။
YOU ARE READING
ချမ်းသာသောမသန်စွမ်းအာဏာရှင်ကိုလက်ထပ်ပြီးနောက် (ဘာသာပြန်)
RomanceAssociated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just translation, and without permission to translate. Crd and respectly to original author and english...