Unicode
Tearing Me Up Chapter 2
"စိုးရိမ်စရာသိပ်မရှိပါဘူး....အနာကျက်အောင်သာ ဂရုစိုက်ရလိမ့်မယ်။ လိုအပ်တဲ့ဆေးတွေတော့ပေးထားခဲ့ပါမယ်။"
ဆရာဝန်ရဲ့မှာကြားသံကို ခြံရံကြားနေရသည်။ သို့သော်သူကတော့ ဆေးလိပ်သောက်မပျက်ဘဲ ပြတင်းပေါက်အပြင်ကိုသာငေးကြည့်နေတာမို့ ဦးလေးဇာနည်ကသာ ဆရာဝန်ကိုပြန်လိုက်ပို့ရသည်။ ဦးလေးဇာနည်နှင့်ဆရာဝန်ထွက်သွားတော့ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွား၏။
ခြံရံတစ်ဖက်လှည့်လာပြီး ဆိုဖာပေါ်ခြေချိတ်ထိုင်ကာ ဆေးလိပ်ဆက်သောက်နေမိသည်။ သတိမေ့နေဆဲဖြစ်သော ရှင်းသ ကိုလှည့်မကြည့်။ သူ့မျက်စိရှေ့ တစ်ဖက်နံရံမှာရှိနေသည့် ပီယာနိုကိုကြည့်ရင်း မျက်နှာကပိုလို့မှောင်မည်းလာပြီး စိတ်ပျက်စွာနှင့်သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ဆေးလိပ်ကိုခွက်ထဲထိုးချေလိုက်ပြီး ပီယာနိုရှိရာဆီလျှောက်သွားမိသည်။ ၂၀ စင်တီမီတာလောက် ရှည်လျားသော လက်ချောင်းများနှင့် ခလုတ်များကိုဖိနှိပ်လိုက်တော့ သံစဥ်များက ကမောက် ကမထွက်လာသည်။ ဟုတ်သည်။ သူပီယာနိုမတီးတတ်။ တီးတတ်တာက ရှင်းသနှင့် မမမဒီသာဖြစ်သည်။
ငယ်ငယ်ကဆို ဒီပီယာနိုကလည်း ရှင်းသဆီမှာရှိခဲ့တာမဟုတ်ဘဲ မမမဒီအခန်းထဲမှာရှိခဲ့တာဖြစ်သည်။ တစ်နေ့ အသစ် အဆန်းကိုစိတ်ဝင်စားမိသောသူက ပီယာနိုခလုတ်လေးများကို နှိပ်မိတော့ မမမဒီက သူ့ကိုရိုက်နှက်ရုံတင်မကဘဲ သူ့လက်သည်းခွံတစ်ခုကိုလှန်ထုတ်ပစ်ခဲ့သည်။ ဆိုးဝါးသောမြင်ကွင်းတချို့က အာရုံထဲကစဥ့်ကလျားဖြတ်ပြေးနေတာကြောင့် ခြံရံ မလှပသည့်သံစဥ်များကို လျှောက်နှိပ်နေရင်း တဖြည်းဖြည်း အသံများကဆူညံသည့်ဘက်ကိုရောက်လာသည်။
နောက်ဆုံး ဆူညံသံများအဆက်မပြတ်ထွက်ပေါ်လာပြီးချိန်မှာတော့ သူဟာ သူ့ကိုနာကျင်စေခဲ့သောဤသက်မဲ့ပီယာနိုကို လက်နှစ်ဖက်နှင့်ဘုန်းခနဲထုပြီး ဇောက်ထိုးဖြစ်သည်အထိဆွဲလှန်လိုက်တော့၏။
"ဟား........"
ကြမ်းပေါ်မှာ ဖရိုဖရဲပုံကျနေသည့် ပီယာနိုကိုကြည့်ပြီး ခြံရံရယ်မောလိုက်သည်။
YOU ARE READING
Tearing Me Up (BL OC )
Romanceကိုကိုက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တဲ့ တစ်ခုတည်းသောဖြစ်တည်မှု......။ Starting Date Apr 14 -