Unicode
Tearing Me Up Chapter 12
မျက်လုံးများဖွင့်ရန်ကြိုးစားလိုက်စဥ်မှာပဲ ခေါင်းထဲက ထိုးကိုက်နေတာကြောင့် ခြံရံဟာ တကျစ်ကျစ်စုတ်သပ်ပြီး နားထင်ကိုနှိပ်နေမိသည်။ နောက် ပြတင်းပေါက်ကတဆင့် ဖြာကျနေသောနေရောင်များက သူ့မျက်လုံးအနီးတဝိုက်ကိုထိုးကျနေတာကြောင့် မျက်မှောက်ကြုတ်ပြီး ထထိုင်လိုက်ရသည်။ သာမန်နှင့်မတူဘဲ ထူးဆန်းစွာဖြင့် နှာခေါင်းထဲမှာ အမွှေးနံ့တချို့ရ၏။ ကိုယ်သင်းနံ့တစ်မျိုးနှင့် ဆင်တူသော ခပ်သင်းသင်းအနံ့မျိုးလေးဖြစ်သည်။ ခြံရံ မျက်လုံးများပွတ်သပ်လိုက်ပြီး မိမိကိုယ်ကို ကြည့်လိုက်မိစဥ်မှာတော့ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများက ချက်ချင်းပြူးကျယ်သွားရသည်။
"ဒါ........."
ခြံရံဟာ အဝတ်အစားကင်းမဲ့နေသော သူ့ကိုယ်သူ အံ့သြလို့မဆုံးသေး၊ သူ့နံဘေးမှာ ငြိမ်သက်စွာ အိပ်မောကျနေသော ရှင်းသ ကိုပါမြင်လိုက်ရသည့်အခါမှာတော့ ခေါင်းမွှေးများထောင်သွားသည်။ သူဟာ ကိုက်ရာဗရပွပြည့်နေသော ရှင်းသ ခန္ဓာကိုယ်အား ကြက်သေသေကာ ကြည့်နေမိပြီးမှ ခုတင်ပေါ်မှဆင်းလိုက်၏။ အနားမှာ ရှိသောရေချိုးဝတ်ရုံကို ချက်ချင်းကောက်ဝတ်လိုက်ပြီး ထိုခုတင်နားမှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေမိသည်။
"ဘယ်လိုဖြစ်သွားတာလဲ....."
သူဟာ မနေ့ညကအကြောင်းကို ခေါင်းထဲကထွက်လာအောင် ဖျစ်ညှစ်စဥ်းစားကြည့်သည်။ သူမှတ်မိသလောက်က သူနှင့် ရှင်းသတို့ စားသောက်ဆိုင်မှာ သောက်ခဲ့ကြသည်။ နောက်ပြီး အိမ်ကိုလည်းရောက်အောင်ပြန်လာသေးသည်။ ပြီး အိမ်ရောက်တော့လည်း ထပ်သောက်သေးသလိုလို မသောက်ခဲ့သလိုလိုနှင့် ထိုနေရာမှာ ရှုပ်ထွေးသွားသည်။
ခြံရံဟာ စဥ်းစားရင်း ချွေးစေးများပါပြန်လာ၏။ ရှင်းသရဲ့ ကိုယ်ပေါ်က အမှတ်အသားတွေကိုကြည့်ရင်း ခုတင်ပေါ်က သွေးစက်တွေကိုမြင်သောအခါမှာတော့ ခြံရံဟာ အနောက်ကိုယိုင်သွားပြီး မှန်တင်ခုံကိုမှီထားရ၏။
"စဥ်းစားစမ်းပါ......."
သူဟာ စဥ်းစားရင်း ရှင်းသနှုတ်ခမ်းတွေကို တရှိုက်မက်မက်နမ်းရှိုက်ခဲ့တာ၊ ရှင်းသ ရဲ့ ခန္ဓာကိုယ်အနှံ့အပြားကို ကိုက်ရာတွေပေးခဲ့တာ၊ နူးညံ့သောပိုးသားလိုခန္ဓာကို သူ့အပိုင်အဖြစ်သိမ်းပိုက်ခဲ့တာ စသဖြင့် အရာအားလုံးကို တဖြည်းဖြည်း မှတ်မိလာသည်။ သို့သော်လည်း ဒီလိုအခြေအနေဖြစ်ဖို့ ရှင်းသ က ဘာကြောင့်လက်ခံရမည်လဲ ဟူသော မေးခွန်းကြောင့် ရင်တွေတုန်နေရ၏။
YOU ARE READING
Tearing Me Up (BL OC )
Romanceကိုကိုက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တဲ့ တစ်ခုတည်းသောဖြစ်တည်မှု......။ Starting Date Apr 14 -