Tearing Me Up Chapter 13

3.5K 250 118
                                    

Unicode

Tearing Me Up Chapter 13

ရဲတိုက်တမျှ ကျယ်ဝန်းလှသော ဇေယျသိဟ်ခစံအိမ်တော်ကြီးမှာ  စကားဆိုသံများမရှိသည့်အခါ ပိုပြီးတိတ်ဆိတ်ခြောက်ကပ်နေသည်။ အရင်လို ခက်ထန်သော မုန်းမျက်ခြံရံရဲ့အမိန့်စကားသံများ ကိုမကြားရ။ ဘယ်သူကမှလည်း စကားမဆိုကြဘဲ အားလုံးက မိမိ၏အလုပ်တာဝန်များကိုသာ တိတ်တဆိတ်လုပ်ဆောင်နေကြသည်။

ခြံရံ့ရဲ့အိပ်ခန်းတဝိုက်မှာဆိုလျှင်လည်း အနီးကပ်ဆေးကုပေးသော ဆရာဝန်နှင့် နပ်စ်မ များမှလွဲပြီး မည်သူမျှနှောက်ယှက်လို့မရအောင် ဦးဇာနည်က အစောင့်တင်းကြပ်ထားသည်။

​ရှင်းသ ပစ်လိုက်သောသေနတ်ကျည်ဆံကြောင့် နှစ်ရက်နှင့်နှစ်ညအထိ သတိလစ်နေဆဲဖြစ်သော ခြံရံ့အတွက် အိမ်သားအားလုံးကလည်းစိတ်ပူနေကြသည်။ နောက်ပြီး ဤသတင်းပျံ့နှံ့သွားလျှင် ရန်သူများသော ခြံရံ့အတွက် ပိုပြီးအန္တရာယ်များနိုင်သောကြောင့် ဤသတင်းအား တတ်နိုင်သမျှ ဖုံးဖိထားရန်ကြိုးစားနေသည်။

ထို့ကြောင့် ဆရာဝန်များကိုပင် အိမ်ပြန်ခွင့်မပေးဘဲ စံအိမ်မှာသာ နေရာချပေးထားရ၏။

ညဘက်စောင့်ပေးမည့် နပ်စ်မလေးက ချိတ်ထားသော ဆေးပုလင်းကိုစစ်ဆေးနေသည်။ ဦးဇာနည်ဟာ ယခုထိတိုင်သတိမရသေးသော ခြံရံ့ကိုကြည့်ရင်း စိတ်မကောင်းစွာနှင့် သက်ပြင်းချလိုက်မိသည်။ ခြံရံသေလုမျောပါးဖြစ်ပြီး သေမင်းနှင့်အသက်လုနေခဲ့တာ နာရီပေါင်းများစွာကြာမြင့်သွားပြီဖြစ်သည်။ သို့သော် သူကလွဲလျှင် ခြံရံ့အတွက် စိုးရိမ်ပူပန်ပေးမည့်သူမရှိ။ ခြံရံ့သေရေး ရှင်ရေးကို ပူပန်ပေးမည့်သူမရှိသလို ဤအခန်းထဲမှာ ​ခြံရံ့ကိုကြည့်ရှူပေးမည့် အရင်းနှီးဆုံးသူ တစ်စုံတစ်ယောင်တောင်ရှိမနေခြင်းက ဦးဇာနည်ကိုလွန်စွာ စိတ်မကောင်းဖြစ်မိစေသည်။ ဤအခိုက်အတန့်လေးမှာပင် ခြံရံက ဘာကြောင့်များ ခွန်သကို သည်းသည်းမည်းမည်းလိုက်ရှာနေရသလဲဆိုတာကိုလဲ ဦးဇာနည် နားလည်သွားမိသည်။

သူဟာခြံရံ့နောက်ကို နှစ်ပေါင်းများစွာလိုက်လာခဲ့တာကြောင့် ခြံရံ့ရဲ့အထီးကျန်မှုများကို သိရှိထားသည်။ နောက်ပြီး ဤအိမ်တော်မှာလည်း အကြာကြီးအမှု ထမ်းခဲ့တာကြောင့် ရှင်းသ အကြောင်းကိုလည်း ကောင်းကောင်းနားလည်ထားသည်။ ရှင်းသ ဘာကြောင့် ဒီလိုရက်စက်နိုင်ရသလဲဆိုတာ ဦးဇာနည် မတွေးတတ်တော့သော်လည်း ရှင်းသမှာ ရွေးချယ်စရာမရှိခဲ့ဘူးဆိုတာကို သိထားတာမို့ ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ဘဲ ဖြစ်နေသည်။ ခြံရံသတိရလာလျှင် ရှင်းသ အပေါ် ပေါက်ကွဲတော့မည်ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းထားမိ၏။

Tearing Me Up (BL OC )Where stories live. Discover now