Tearing Me Up Chapter 7

3.6K 273 52
                                    

Unicode

Tearing Me Up Chapter 7

အိမ်တော်ဆီကို မိုးလင်းကတည်းက တသောသောရောက်ရှိနေသော ကားများကို စံအိမ်တွင်းတစ်နေရာကနေ ရှင်းသကြည့်ရှူနေသည်။ ယနေ့ ခြံရံ့ဆီရောက်လာသည့် လူအများစုမှာ ကုန်သည် သူဋ္ဌေးသူကြွယ်များ ဖြစ်ဟန်တူပြီး အရာရှိမင်းတချို့လည်းပါဝင်နေသည်။ ထိုသူတွေ ဘာကြောင့်လာမှန်း ဘယ်သူ့ကိုမှမေးမရသလို ဘယ်သူကမှလည်း ခြံရံ့အမိန့်မရဘဲထုတ်မပြောပါသောကြောင့် ရှင်းသ စောင့်ကြည့်နေရုံကလွဲလျှင်အခြားမရှိ။

"သခင်လေး ....."

နောက်ကျောမှအသံကြောင့် ရှင်းသလှည့်ကြည့်လိုက်တော့ စာရွက်စာတမ်းတွေတစ်ထပ်ကြီးကိုင်ထားကာ ရပ်နေသောဦးဇာနည်ကိုမြင်ရသည်။ လေးထောင့်မျက်မှန် ခပ်ထူထူကြီးတပ်ထားသော ဦးဇာနည်က ရှင်းသရှိရာဆီလျှောက်လာရင်း ထိုစာရွက်ထပ်ကြီးအား စားပွဲပေါ်အသာတင်ထားလိုက်သည်။

"အစ်ကိုလေးက ဒီစာရင်းတွေလုပ်ထားစေချင်တယ်တဲ့....."

ရှင်းသ နှုတ်ခမ်းစွန်းလေးပင့်ရုံပြုံးမိသွားသည်။ စာရွက်ထပ်ကြီးထဲမှ အပေါ်ဆုံးစာရွက်ကိုကောက်ယူစစ်ဆေးလိုက်တော့ သူထင်ထားသလိုပင် အရေးကြီးပုံမပေါ်သည့် စာရင်းများသာဖြစ်နေသည်။

"ကျွန်တော့်ကို အလုပ်များအောင်လုပ်ပြီး သူ့ရုံးခန်းဘက် မလာစေချင်တာမဟုတ်ဘူးလား။"

"ဟို....အဲဒါက...."

ဦးဇာနည် အဖြေရခက်နေတုန်းမှာ ရှင်းသက ခုံမှာဝင်ထိုင်လိုက်ပြီး ခြေနှစ်ဖက်ချိတ်ထိုင်လိုက်သည်။ စားပွဲပေါ်မှာရှိသည့် ရှည်မျောမျောဘူးလေးထဲမှ ဖောင်တိန်တစ်ချောင်း ထုတ်ယူလိုက်ပြီးသည့်အခါမှာတော့ ရှင်းသမျက်လုံးလေးများက စာရွက်ပေါ်မှကိန်းဂဏန်းများဆီရောက်လို့နေပြီဖြစ်၏။

"သူ ဘာလုပ်ငန်းတွေလုပ်နေတယ်ဆိုတာ ကျွန်တော်မရိပ်စားမိဘူးထင်လို့လား....."

ဦးဇာနည် စိတ်လှုပ်ရှားစွာနှင့် တံတွေးမြိုချလိုက်မိသည်။ အကင်းပါးသောသခင်လေးရှင်းသနှင့် စည်ကမ်းတင်းကြပ်သော ခြံရံ့အကြား ဘယ်လိုရှောင်ရှားရမယ်ဆိုတာ မသိတော့။

Tearing Me Up (BL OC )Where stories live. Discover now