Tearing Me Up Chapter 11

4.5K 252 178
                                    

Unicode

Tearing Me Up Chapter 11

ယနေ့တော့ ခြံရံဟာ အလုပ်မသွား​သေးသလို အပြင်လည်း မသွားဘဲ အိမ်မှာသာငြိမ်နေသည်။ နောက်ပြီး ညနေခင်းမှာ မြင်းပွဲသွားမည်ဟု ဆိုသဖြင့် အိမ်တော်ရှိသူအကုန်လုံးမှာ  ခြံရံ့အလိုကျ အရာရာကိုအဆင်သင့်ပြင်ဆင်ထားရသည်။ ခြံရံက ယခုလို သာမန်နှင့်မတူသည့်ပွဲများသွားမည်ဆိုလျှင် သူစီးနေကျကားကိုမစီး။ သူ သဘောကျ၍ ဝယ်သိမ်းထားသော  ကားများထဲမှ မျက်စိကျသောကားကိုစီးတတ်သည်။ ဒါကြောင့် အစေခံများမှာ ဂိုဒေါင်ထဲက ကားတွေအကုန်လုံးကို ဖုန်တွေပြောင်စင်အောင် ဆေးကြောသန့်စင်ထားရသည်။ အင်ဂျင်များကိုလည်းစစ်ဆေးပြီး ဆီအပြည့်ဖြည့်ထားကြရသည်။ ဒီလိုများမလုပ်ဘူးဆိုလျှင် ခြံရံက ကားတစ်စီးကိုလက်ညိုးထိုးလိုက်သည့်အခိုက် ထိုကားက အဆင်သင့်ဖြစ်မနေဘူးဆိုလျှင် အိမ်ရှိလူကုန် ခေါင်းကျိန်းကြရလိမ့်မည်။

နောက်ပြီး မြင်းလောင်းပွဲဆိုတာမျိုးက စီးပွားရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များလည်း လူစုံတက်စုံရှိတတ်သည်မို့ အဝတ်အစားကောင်းကောင်းကိုလည်း ပြင်ဆင်ပေးထားရသည်။ ခြံရံက အရပ်ရှည်သူမို့ ဘာဝတ်ဝတ်ကြည့်ကောင်းပါသော်လည်း သူ့စိတ်အလိုမကျလျှင် ဂျေးကများတတ်သေးသည်။ ဂျေးများပြီး ခဏခဏအပြစ်ပေးတတ်တာမို့ အားလုံးက ကြောက်ရသည်။ သို့သော် အခုနောက်ပိုင်းတော့ ခြံရံနှင့်ပက်သက်သည့် အသေးအမွှားကိစ္စလေးကအစ ရှင်းသ က တာဝန်ယူထားရသည်မို့ ကျန်သူများ အသက် ရှူချောင်ကြရသည်။

ယခုလည်း ရှင်းသဟာ ခြံရံဝတ်ဖို့ အဝတ်အစားနှင့် ဖိပ်ကအစ ရွေးချယ်ပေးပြီး သူ့အခန်းသူဝင်သွားသည်။ မြင်းလောင်းပွဲကို ရှင်းသလည်းအတူလိုက်ခဲ့ရမည်ဟု အမိန့်ပေးလာတာကြောင့် ရှင်းသဟာ မျက်နှာတင်းတင်းနှင့် သူ့အခန်းထဲဝင်ကာ အပြင်သွားဖို့ပြင်ဆင်နေသည်။ တကယ်ဆို ရှင်းသဟာ ဒီလိုအလောင်းအစားတွေကို သဘောကျသူမဟုတ်။ အေးအေးလူလူ ဂီတနှင့် ကဗျာ၊ စာပေနှင့်သာ နေလိုသူဖြစ်သည်။ ယခုတော့ အနှီမုန်းမျက်ခြံရံက လိုက်ခဲ့ရမည်ဟု ပြောသဖြင့် ပြင်ဆင်ရလေပြီ။

Tearing Me Up (BL OC )Where stories live. Discover now