Unicode
Tearing Me Up Chapter 17
ခွန်သနှင့် ခြံရံဟာ ရှင်းသအိပ်ခန်းထဲမှာ ထိုင်ကာ ရှင်းသ နိုးအလာကို စောင့်ဆိုင်းနေကြသည်။ မနက်ခင်း ဝေလီဝေလင်းအချိန်ဖြစ်နေတာမို့ အပြင်မှာငှက်သံလေးတွေ တကျည်ကျည်မြည်နေတာကို ကြားနေရသည်။ တစ်ညလုံးရွာနေသောမိုးက တိတ်သွားသောအခါ အိမ်တော်ပြင်ပရှိ ရေမှုန်ရေမွှားလေးတွေဟာ ပြတင်းပေါက်ကိုလာကပ်နေကြသည်။ ရာသီဥတုဟာအေးစိမ့်စိမ့်ဖြစ်နေပေ၏။
ခြံရံဟာ ပြတင်းပေါက်နားမှာရပ်နေလျက်ရှိပြီး ခြံဝန်းထဲမှာ ထိုးထွက်စပြုနေသည့် သစ်ရွက်နုလေးများကိုငေးကြည့်နေသည်။
ခွန်သကတော့ ခုတင်စွန်းမှာ ထိုင်နေကာ ရှင်းသလက်ဖဝါးလေးများကို ရေစိုဝတ်တစ်ခုနှင့် သုတ်ကာသန့်ရှင်းပေးနေ၏။
ဖြူမွတ်ချောမွေ့နေသော လက်ချောင်းသွယ်လေးများကို သူ၏လက်ချောင်းရှည်များနှင့် ကိုင်တွယ်သန့်စင်နေရင်း ခွန်သဟာ စကားကိုခပ်တိုးတိုးပြောသည်။
ထိုအခါ ခြံရံကလှည့်ကြည့်လာ၏။
"ကိုကို့လက်တွေက အရင်လိုပဲ သိပ်ပြီးနူးညံ့နေတုန်းနော်.....ငါ့လက်တွေနဲ့ တခြားစီ....."
ခွန်သက တစ်ယောက်တည်းပြောနေမိရင်းမှ ရယ်မောမိလေ၏။ ခွန်သသည် သူ့လက်များကိုကြည့်နေရင်း မျက်နှာကိုလက်ဖြင့် ပွတ်သပ်လိုက်မိကာ ဆံပင်စလေးတွေကိုလည်း သပ်တင်လိုက်သည်။
"တခြားစီဆို ငါကလည်း လုပ်ချင်တာတွေအကုန် လျှောက်လုပ်နေခဲ့တာကိုး....ကိုကိုက ကျောင်းတက်ဖို့အတွက် လတိုင်းငွေပို့ပေးပေမယ့် ငါက အရွဲ့တိုက်ပြီး သူ့စကားနားမထောင်ဘဲ ဖြစ်သလို နေခဲ့တာလေ....."
".........."
ခွန်သက အတိတ်အကြောင်းတွေပြန်လည်တွေးတောမိနေသလိုနှင့် ပြောနေသည်။ ခြံရံဟာ အနားရောက်လာကာ ခွန်သပခုံးကိုဆုပ်ကိုင်လိုက်၏။
"မင်းလက်တွေ မနူးညံ့တော့လဲ ဘာဖြစ်လဲ....။ ငါသဘောကျတယ်..."
သူ့စကားကြောင့် ခွန်သက ဟက်ခနဲရယ်ချလိုက်သည်။ ထို့နောက် ခြံရံ့ကိုတစ်ခုခုပြန်ပြောဖို့ ပြင်လိုက်စဥ်မှာပင် ရှင်းသ လက်ချောင်းလေးတွေနှင့်တကွ မျက်ခွံလေးတွေပါ လှုပ်ရှားလာတာကို မြင်လိုက်ရသည်။ ထိုအခါ ခွန်သဟာထိုင်နေရာမှ ချက်ချင်းပင်ထလိုက်တော့၏။
YOU ARE READING
Tearing Me Up (BL OC )
Romanceကိုကိုက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တဲ့ တစ်ခုတည်းသောဖြစ်တည်မှု......။ Starting Date Apr 14 -