Tearing Me Up Chapter 21

2.6K 165 36
                                    

Unicode

Tearing Me Up Chapter 21

"ကိုကို......"

ခြံရံသည် ဘေးဘီဝန်းကျင်ကိုကြည့်ရင်း အသံအုပ်အုပ်ဖြင့်မေးလိုက်သည်။

"ကိုကိုအဆင်ပြေရဲ့လား......"

သူသည် ပတ်ဝန်းကျင်မှာ သူတို့ကိုမြင်သောသူရှိမရှိဆိုတာ အကဲခတ်စစ်ဆေးလိုက်ပြီး အိမ်သာထဲကိုလိုက်ဝင်သွား၏။ အလင်းရောင်မှိန်မှိန်သာရှိနေတာကြောင့် ပွဲစျေးအစွန်တွင်ရှိသော အိမ်သာကမှောင်နေသည်။ အထဲကိုရောက်သည့်အခါမှာတော့ အဝတ်အစားလဲလို့မပြီးသေးသည့် ရှင်းသကိုမြင်လိုက်ရ၏။

"ကိုကို......."

ခြံရံသည် ထိုနာမ်စားကိုတဖွဖွခေါ်ပြီး ရှင်းသပခုံးမှလျှောကျနေသော အင်္ကျီစလေးကိုဆွဲတင်လိုက်သည်။ ထို့နောက် ရှင်းသနှုတ်ခမ်းတွင်ရှိနေသည့် အမည်းရောင်နှုတ်ခမ်းမွေးအတု ကိုမြင်သောအခါ မနေနိုင်ဘဲ ရယ်ချလိုက်ပါတော့၏။

"ဟာ........ကိုကို့မျက်နှာက......"

"ဟား............"

ခြံရံက ရုပ်ဖျက်ထားသည့် သူ့မျက်နှာကိုကြည့်ပြီး ရယ်မောနေသောအခါ ရှင်းသက ခြံရံ့အား တံတောင်ဖြင့်တွတ်သည်။ ခြံရံ့ကိုမျက်မှောင်ကုတ်ကြည့်နေပြီး ပခုံးကိုဝင်တိုက်ကာအပြင်ထွက်သွားတော့၏။

"ကိုကို........."

"ကိုကိုရေ........"

ခြံရံသည် သူကိုယ်တိုင်ရော ရှင်းသကိုပါမည်သူမျှမမှတ်မိအောင်ရုပ်ဖျက်ထားသော်လည်း ထိုအမည်နာမကိုတကျော်ကျော်ခေါ်နေသည်။ လက်ထဲကသစ်ကိုင်းခြောက်ကိုလှည့်ဆော့ရင်း ရှင်းသအနောက်မှခုန်ဆွခုန်ဆွလိုက်ပါလာ၏။

"တိတ်တိတ်နေစမ်း...မုန်း.....မင်းပျော်ပွဲစားထွက်လာတယ်မှတ်နေလား....."

ခြံရံသည် ခပ်ဝေးဝေးတွင်မြင်နေရသော ပွဲစျေးတန်းကိုကြည့်ရင်း ရှင်းသအနားကိုကပ်သွားသည်။ သစ်ပင်မှောင်ရိပ်ကို အခွင့်ရေးယူပြီး ရှင်းသပါးပြင်ကိုရွှတ်ခနဲနမ်းပစ်လိုက်၏။

"မဟုတ်ပေမယ့် ပျော်တယ်လေ......"

ခြံရံသည် ရှင်းသပခုံးကိုစွေ့ခနဲ သူ့ဘက်ဆွဲဖက်လိုက်သည်။ ပိန်သွယ်သောခန္ဓာကိုယ်နှင့် ဖွံ့ထွားတောင့်တင်းသောခန္ဓာကိုယ်နှစ်ခုဟာ ပူးကပ်လျက် အမှောင်ရိပ်ထဲတရွေ့ရွေ့ ရွေ့လျားလာ၏။

Tearing Me Up (BL OC )Where stories live. Discover now