Unicode
Tearing Me Up Chapter 3
ယနေ့တော့ ဇေယျသိဟ်ခ အိမ်တော်တစ်ခုလုံးကို တိတ်ဆိတ်မှုကကြီးစိုးထားသည်။ အစေခံများအားလုံးမှာ မည်သည့်အသံမှမထွက်ရဲ။ နှုတ်ဆိတ်နေကြပြီး ခြံရံ့အရိပ်အကဲကိုသာကြည့်နေကြသည်။
မကြာခင်မိုးရွာတော့မည့်အခြေအနေဖြစ်တာကြောင့် အပြင်မှာမိုးများညိုမှိုင်းနေသလို အိမ်တော်တစ်ခုလုံးရဲ့အခြေအနေကလည်း မှိုင်းညို့နေသည်။ ယခုနေအိမ်တော်ကိုကြည့်လိုက်လျှင် ခြံရံ့ဆန္ဒအတိုင်း ဦးဇေယျနှစ်ပေါင်းများစွာထိန်းသိမ်းထားသော ပန်းချီကားများကို ခြံဝန်းထဲသယ်ထုတ်နေတာကိုမြင်ရသည်။
ဖုန်တစ်စတောင်မတက်စေရဘဲ ထိန်းသိမ်းထားခဲ့သော ထိုပန်းချီကားများအားလုံးကို ခြံရံကဒီတစ်နေ့အတွင်းဖျက်ဆီးပစ်မည်ဟုဆိုသည်။ သို့သော်မည်သူမှ မတားရဲသလိုတားဖို့အခွင့်ဆိုတာလည်းမရှိ။ စီးပွားရှုံး၍ အိမ်ကိုလေလံပစ်ခဲ့စဥ်က အဖိုးတန်ပစ္စည်းမှန်သမျှကိုပါ ထည့်သွင်းထားခဲ့တာကြောင့် ဒီအိမ်တော်မှာရှိသမျှ တန်ဖိုးကြီးပစ္စည်းမှန်သမျှက ခြံရံ့ပိုင်ဆိုင်မှုသာ ဖြစ်သွားခဲ့ပြီဖြစ်သည်။
ခြံရံကတော့ အရိပ်ရသစ်ပင်ကြီးတစ်ပင်အောက် စားပွဲနှင့်ထိုင်ခုံများခင်းကျင်းစေကာ ကျကျနနထိုင်နေသည်။ ဆွဲထုတ်လာသောပန်းချီကားမှန်သမျှကို အရသာခံကာကြည့်နေပြီး ခဏကြာတော့ စုတ်တံတစ်ချောင်းကိုင်၍ ထိုပန်းချီကားများပေါ်ကို ရေဆေးများ ခြယ်သ၍ပထမဆုံးသော ပန်းချီကားကိုဖျက်ဆီး ပစ်လိုက်သည်။ ထိုကဲ့သို့လုပ်နေရင်း သူ့ကုတ်အင်္ကျီ
လက်ပေါ်ကိုဆေးစက်တို့စင်သွားသည့်အခါ ခြံရံကမျက် မှောင်ကုတ်၍ တစ်ချက်သာကြည့်လိုက်သည်။ ထိုအခါ အနားမှာရှိနေသည့် ဦးဇာနည်က အပေါ်ကုတ်အင်္ကျီကိုလာချွတ်ပေးပြီး အတွင်းကရှပ်အင်္ကျီအဖြူလက်ကို တံတောင်ထိရောက်အောင်ပင့်တင်ပေးသွားသည်။"ကျွန်တော် ကော်ဖီသောက်ချင်တယ်.....မမ မဒီ ကိုဖျော်လာခိုင်းလိုက်...."
"ဟုတ်ကဲ့ အစ်ကိုလေး...."
မမ မဒီ ရေးဆွဲထားသောပန်းချီကားဆီ မျက်လုံးစွေကြည့်နေရင်း ခြံရံခိုင်းလိုက်ခြင်းဖြစ်သည်။ လူကုံတန်အသိုင်း အဝိုင်းရှိ ဒုတိယမျိုးဆက်တို့၏ အကျင့်စရိုက်အတိုင်း ဒီအိမ်တော်က သခင်လေး၊ သခင်မလေးတွေက အနုပညာရပ်တွေမှာသိပ်တော်သည်။ မမ မဒီ ဆို ပန်းချီ၊ ဂီတ၊ ကဗျာ မတတ်ကျွမ်းတာဘာမှမရှိ။ နောက်ပြီး ရှင်းသ ဆိုလည်းပီယာနိုတီးတာသိပ်တော်သည်။
YOU ARE READING
Tearing Me Up (BL OC )
Romanceကိုကိုက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တဲ့ တစ်ခုတည်းသောဖြစ်တည်မှု......။ Starting Date Apr 14 -