မာယာ-၁

9.1K 986 61
                                    

[Unicode]

Black Diamond Pack

Werewolf တွေအားလုံး အလုပ်ရှုပ်နေကြတယ်။ မနက်ဖြန်ဆိုရင် Pack  ခေါင်းဆောင် ဂျွန်ဂျုံးဂုရဲ့ mate ရွေးချယ်ပွဲရှိတာမို့ လိုအပ်တာတွေ ပြင်ဆင်နေကြရတယ်။ အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ True Blood Alpha ဂျွန်ဂျုံးဂုက mate မရှိဘဲ ဒီအချိန်ထိနေလာခဲ့ပေမယ့် အကုန်လုံးရဲ့ တိုက်တွန်းမှုနဲ့ ဒီ ရွေးချယ်ပွဲက ဖြစ်မြောက်လာတယ်။ နာမည်ကြီး Pack တိုင်းကို ပွဲတက်ရောက်ဖို့ ဖိတ်စာတွေပို့ထားတာမို့ လုံခြုံရေးကို အထူးဂရုစိုက်ပြီး စီစဉ်ရတယ်။ Black Diamond Pack ခေါင်းဆောင် ရဲ့ mateဖြစ်လာဖို့ ဘယ်သူမဆို အလိုရှိကြတာမို့ Pack တိုင်းက တက်ရောက်ကြမှာ အသေအချာပဲ။ ဂျွန်ဂျုံးဂုအနေနဲ့ လုပ်ယူဖန်တီးပြီး ရလာတဲ့ ဘယ်အရာကိုမှ သဘောမကျပါ။ Mate ဆိုတာကိုလည်း တွေ့ချိန်တန်တဲ့အခါ အလိုအလျောက် တွေ့ရတာမျိုးကို မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ ဂျွန်ဂျုံးဂုရဲ့ mate က မွေးဖွားမလာသေးတာများလား  အခု ရွေးချယ်ပွဲကိုရော ဂျွန်ဂျုံးဂု ရဲ့ mateက လာပါ့မလား  ဂျွန်ဂျုံးဂု Pack ကို လှည့်ပတ်ကြည့်နေရင်း တွေးနေမိတယ်။

ဂျွန်ဂျုံးဂုရဲ့အဖေ ဂျွန်မင်ဂုက ဂျွန် မျိုးဆက် အတွက် စိတ်ပူနေတယ်။ တကယ်လို့များ ဂျွန်ဂျုံးဂုရဲ့ mate က Beta ဖြစ်နေခဲ့ရင် ဂျွန်မင်ဂုက ဘယ်လိုဆုံးဖြတ်မှာလဲ သိချင်မိတယ်။ ဂျွန်မင်ဂု အလှည့်တုန်းက ဆွေမျိုးနီးစပ်ထဲက Alpha ဂျွန်နာမီက mate ဖြစ်နေခဲ့တယ်။ ဂျွန်မင်ဂု သဘောကျတဲ့သူက Omega တယောက်ဖြစ်နေခဲ့ပေမယ့် သတ်မှတ်ပေးထားတဲ့ mate ကိုသာ လက်ထပ်ခဲ့တယ်။ ဂျွန်မင်ဂု ရွေးချယ်မှုမှန်ခဲ့တယ် ပြောရမယ်။ ဂျွန်ဂျုံးဂုလို ထက်မြက်ပြီး အားကိုးရတဲ့သားကို ဂျွန်နာမီက မွေးဖွားပေးခဲ့တာကိုး။ ဒါပေမဲ့ ဂျွန်နာမီက ဂျွန်ဂျုံးဂုကို မွေးပြီးပြီးချင်း ဆုံးပါးသွားခဲ့တယ်။ ဂျွန်မင်ဂုတယောက်တည်း စိတ်တိုင်းကျ ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ True Blood Alpha ဂျွန်ဂျုံးဂုက ပြောတိုင်း နာခံပြီး လုပ်တတ်တဲ့သူတော့ မဟုတ်ပြန်ဘူး။ သင့်၏ မသင့်၏ စဉ်းစားပြီးမှ ပြောတာကို လက်ခံတာမျိုး။ ဂျွန်မင်ဂုရဲ့ လက်ထက်ကထက် ပိုတိုးတက်လာတဲ့ Pack ကလည်း ဂျွန်ဂျုံးဂုရဲ့ အရည်အချင်းကို လှစ်ဟပြသနေတယ်။

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Место, где живут истории. Откройте их для себя