မာယာ Intro

19K 914 47
                                    

[Unicode]

Black Diamond Pack

Pack တွေထဲမှာ အင်အားအကြီးမားဆုံး Pack။

Pack ရဲ့ ခေါင်းဆောင်က ရှားပါးတဲ့ True Blood Alpha ဂျွန်ဂျုံးဂု။
True Blood Alpha တွေရဲ့ ထုံးစံအတိုင်း အင်အားအရာမှာ သာမန် Alpha တွေနဲ့ ယှဉ်ရင်တောင် ထူးကဲသာလွန်နေတယ်။ ပြတ်သား ရဲရင့်တယ်။ ဒေါသကြီးပေမဲ့ အရာရာကို စဉ်းစားချင့်ချိန်နိုင်စွမ်း မြင့်တယ်။ ဒေါသကို ချွန်းအုပ်နိုင်တယ်။
ခြုံပြောရရင် Pack ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်။
ဂျွန်ဂျုံးကုရဲ့ အုပ်ချုပ်မှုအောက်မှာ Black Diamond Pack ဟာ အန္တရာယ်ကင်း လုံခြုံတယ်။
ဒါပေမဲ့ Pack ရဲ့ ခေါင်းဆောင် ဂျွန်ဂျုံးဂုမှာ အခုထိ mate မရှိသေးပါ။
True Blood Alpha ရဲ့ mate ဖြစ်ချင်နေကြသူ တွေ များပြားလှပေမဲ့ ရေလာမြောင်းပေး တစ်ယောက်မှတောင် မလုပ်ရဲကြ။
နှုတ်ခမ်းကို အမြဲတင်းတင်းစေ့ထားပြီး တည်တင်းတဲ့မျက်နှာနဲ့  ဂျွန်ဂျုံးဂု အကြည့်တချက်ဝေ့လိုက်ရင်ကို ခေါင်းတွေအားလုံး ငုံ့ပြီးသား။
ဂျွန်ဂျုံးဂုက ကြင်ယာထက် သူ့ရဲ့ Pack လုံခြုံတိုးတက်ဖို့ အန္တရာယ်ကင်းဖို့ပဲ ပိုစိတ်ဝင်စားတယ် ။
ခံယူချက်က ရှင်းပါတယ် အချိန်တန်ရင် Mate ဆိုတာက သူ့အလိုလို တွေ့လာမှာ ရလာမှာ မလိုချင်ဘူး ဆိုရင်တောင်မှပေါ့။

Black Diamond Pack မှာ Alpha၊ Beta နဲ့  Omega ဆိုပြီး Rank 3 ခု ရှိတယ်။
Alpha တွေက Rank 1 ... စစ်ရေးလေ့ကျင့်တာကို  လုပ်ဆောင်တယ်။ Pack ရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ယူထားရတယ်။
Beta တွေက Rank 2 ...Pack အတွင်းမှာရှိတဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲဖို့ တာဝန်ယူထားတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားရေးသောက်ရေး၊ ပညာရေး အစရှိသဖြင့်.....။
Rank 3 ...နူးညံ့လှပတဲ့ Omega တွေကတော့ လူဦးရေ တိုးပွားဖို့ကို တာဝန်ယူကြတယ်။

ဒီမှာပြောချင်တာက Alpha  အမတွေကလည်း ကလေးမွေးကြပါတယ်။ ဒါပေမဲ့ Omega တွေကတော့ အဲ့ဒါကို အဓိက တာဝန်ယူရတာပေါ့။

Black Diamond Pack မှာ Omega ဆိုပြီး ခွဲခြားဆက်ဆံတာမျိုး မရှိဘူး။ ဆန္ဒရှိရင် ကိုယ်နိုင်သလောက် တာဝန်ကို ထမ်းလို့ရတယ်။ ဂျွန်ဂျုံးဂုရဲ့ လက်အောက်မှာ အားလုံးက သာတူညီမျှရှိတယ်။

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Onde histórias criam vida. Descubra agora