မာယာ-၁၉

3.4K 398 49
                                    

[Unicode]

တစ်လဆိုတဲ့အချိန်တွေ ကုန်သွားတယ်။

ဂျွန်ဂျုံးဂု Healing ပြန်ဖြစ်သွားပေမယ့် အဲ့ဒီညက ကင်မ်ထယ်ယောင်းက သူ့ကိုငိုရင်းပြောခဲ့တယ်။ ဘယ်တော့မှ ကျနော့်ရှေ့ကို ခင်ဗျား ပေါ်မလာပါနဲ့တော့ Alpha ကြီး.. ကိုယ့်ကိုယ်ကိုယ်တောင် မစောင့်ရှောက်နိုင်တဲ့ Alpha က သူ့ Mate ကို ဘယ်လိုစောင့်ရှောက်နိုင်မှာလဲ တဲ့။ ဂျွန်ဂျုံးဂုရဲ့ အသည်းနှလုံးနဲ့ စိတ်ဝိညာဉ်က အဲ့ဒီညကတည်းက တစစီဖြစ်သွားတယ်။ Mate ဆီက အဲ့လိုစကားမျိုးကြားရတာထက်စာရင် သေသွားတာကမှ ပိုခံသာသေးတာမလား။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ဂျွန်ဂျုံးဂုက အသက်ဆက်ရှင်ခဲ့တယ်။

အခုချိန်ထိ ကင်မ်ထယ်ယောင်းဘက်က Bond ကို မဖျက်သေးဘူး။ သူ့ဘက်ကလည်း ဘယ်တော့မှ ဖျက်ပေးဖို့ စိတ်ကူးမရှိဘူး။ Bond မပျက်သေးပေမယ့်လည်း ကင်မ်ထယ်ယောင်းဆီ ယောင်ရမ်းပြီးတောင် မဆက်သွယ်ဖြစ်ပါဘူး။ ဒီတိုင်းပဲရှိနေတာက ဂျွန်ဂျုံးဂုအတွက် မျှော်လင့်ချက်ရှိနေသေးတယ်။

‌မျက်လုံးပြာနဲ့ Alpha ကောင်အကြောင်း သူ့အဖေ ဂျွန်မင်ဂုကိုမေးကြည့်တော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းသိလာရတယ်။ သူတို့က မိနစ်ပိုင်းသာခြားပြီး မွေးဖွားလာတဲ့အမြွှာတွေ။ ဒါပေမဲ့ True Blood Alpha အဖြစ်မွေးဖွားလာပေမယ့် မျက်လုံးပြာတွေပါလာတဲ့ ဂျောင်ကုကို စွန့်ပစ်ခဲ့တာ။ မဟုတ်ဘူး သတ်ပစ်ဖို့အထိလုပ်ခဲ့ကြတာ။ ဒါပေမဲ့ ဂျွန်မင်ဂုအနေနဲ့ ကိုယ့်သားအရင်းကို ဘယ်လိုသတ်ရက်မှာလဲ။ ဒါကြောင့် ဒီတိုင်းပဲ စွန့်ပစ်ထားခဲ့တာ။ ကံကောင်းရင် အသက်ရှင်ပြီး ကံမကောင်းရင် အသက်သေမယ် အဲ့လိုမျိုးပေါ့။ ဂျောင်ကု ကံကောင်းသွားခဲ့ပုံပါပဲ။

ဂျွန်မင်ဂု ကျူးလွန်ခဲ့တဲ့အပြစ်အတွက်တော့ ဂျွန်ဂျုံးဂုက ကင်မ်ထယ်ယောင်းကို စိတ်ပြတ်ပြတ် မပေးလိုက်နိုင်ပါဘူး။ သူ့သစ်ပင်ညိုလေး ပြန်လာတဲ့အထိ စောင့်နေဦးမှာ။ တခါတခါ အရမ်းလွမ်းတဲ့အခါ သွားတွေ့ချင်တဲ့စိတ်တွေကို ချိုးနှိမ်ရလွန်းလို့ ရူးတော့မယ်။ စိတ်ထင်တိုင်း ဝုန်းဒိုင်းကျဲလိုက်ချင်ပေမယ့် ကင်မ်ထယ်ယောင်းရဲ့စကား ကို သူက မလွန်ဆန်ဝံ့ပါဘူး။ လွမ်းလွန်းလို့ ငါတော့ရူးမှာပါပဲ ကောင်လေးရယ်။

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Hikayelerin yaşadığı yer. Şimdi keşfedin