မာယာ-၈

4.9K 558 52
                                    

[Unicode]

Black Diamond Pack ခေါင်းဆောင် True Blood Alpha ဂျွန်ဂျုံးဂုနဲ့ Red Emerald Pack ခေါင်းဆောင် Male Omega ကင်မ်ထယ်ယောင်းတို့ရဲ့ ထိမ်းမြားလက်ထပ်ပွဲကို Black Diamond Pack မှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပတယ်။ Pack တိုင်းကိုတက်ရောက်ဖို့ ဖိတ်ကြားထားတာမို့ စည်ကားလွန်းလှတယ်။ အတွန့်အတက်‌‌လေးတွေပါတဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ကင်မ်ထယ်ယောင်းရဲ့ ခါးသိမ်သိမ်ကို ခပ်ရှင်းရှင်း အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ဂျွန်ဂျုံးဂုက လက်တဖက်နဲ့ ခပ်တင်းတင်းဖက်ထားပြီး ဧည့်ပရိသတ်တွေကို လိုက်နှုတ်ဆက်တယ်။ ကင်မ်ထယ်ယောင်းရဲ့မျက်နှာပေါ်မှာ အဖြူရောင်ပိုးပုဝါပါးလေး အုပ်ထားတာတောင်မှ အားလုံးက Omega ရဲ့ချောမောလှပမှုကို ခံစားနေရတယ်။ ယှဉ်တွလျှောက်လာတဲ့ Alpha နဲ့ Omega က Luna စီစဉ်ပေးထားတဲ့ဖူးစာဖက်ဆိုတာ ငြင်းစရာမလိုအောင် လိုက်ဖက်လွန်းနေတာ။
ဂျွန်မင်ဂုကတော့ Omega ကို သိပ်သဘောကျတဲ့ ခံစားချက်မရှိပေမယ့် ကောင်းသည် ဆိုးသည်တော့ မပြောတော့ဘူး။ အရာအားလုံးက သူစခဲ့တဲ့ဇာတ်လမ်းပဲလေ။

ကင်မ်ဆော့ဂျင်ကတော့ သူ့သစ်ပင်ညိုလေးကိုငေးကြည့်ရင်း ဝမ်းနည်းဝမ်းသာခံစားနေရတယ်။ သူ့လက်ထဲမှာပဲ နီတာရဲလေးကနေ အခုအရွယ်ထိ ကြီးပြင်းလာတာမို့ စိတ်ထဲ ကလေးလေးလို့ထင်နေမိသမျှ အခုတော့ Mate နဲ့တောင် လက်တွဲသွားပြီမလား။ ဂျွန်ဂျုံးဂုက သစ်ပင်ညိုလေးကို ကောင်းကောင်းကာကွယ်စောင့်ရှောက်နိုင်မယ် လို့ ယုံကြည်ပါတယ်။

Red Emerald Pack ကသူတွေအားလုံးလည်း သူတို့ရဲ့ကံ့ကော် Omega လေးရဲ့မင်္ဂလာပွဲမှာ ပျော်ရွှင်နေကြတယ်။ အဲ့ဒါ ငါတို့ Pack ခေါင်းဆောင်လေးဆိုပြီး ဂုဏ်ယူပြောရတာလည်း မမောပါဘူး။ ပတ်ခ်ဂျီမင်းကတော့ မှုန်ကုပ်ကုပ်မျက်နှာထားနဲ့ စားပွဲတခုမှာ ထိုင်နေတယ်။ ခုချိန်မှာ ပတ်ခ်ဂျီမင်း Luna နဲ့ တွေ့ချင်မိတယ်။ ဘာကိစ္စ ထယ်ထယ်က ပတ်ခ်ဂျီမင်း Mate မဖြစ်လာရတာလဲလို့ မေး မေးပြီး ထိုးချင်လို့။

ပတ်ခ်ဆိုးဂျွန်နဲ့ ပတ်ခ်ဟျောင်းရှစ်ကတော့ သတိအနေအထားနဲ့ ပတ်ဝန်းကျင်ကိုစောင့်ကြည့်နေတယ်။ ကင်မ်ထယ်ယောင်းရဲ့မင်္ဂလာပွဲမှာ ဘယ်လိုအနှောင့်အယှက်မျိုး ဖြစ်လာမှာကိုမှ ခွင့်မပြုနိုင်ဘူး။ သူတို့နှစ်ယောက်က သေသည်အထိ ကင်မ်ထယ်ယောင်းရဲ့ စောင့်ရှောက်သူတွေဖြစ်တာမို့။

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Donde viven las historias. Descúbrelo ahora