မာယာ-၁၆

3.3K 490 30
                                    

[Unicode]

Red Emerald Pack

"ဘာ ကင်မ်မရှိတော့ဘူး ဟုတ်လား ဆော့ဂျင် တနေ့ကမှ ကင်မ့်ကို စောင့်ရှောက်ပေးဖို့ လွှတ်လိုက်တာလေ အခုဘယ်လိုလုပ်ကြမှာလဲ"

"စိတ်အေးအေးထားပါ ဆိုးဂျွန် ခေါင်းဆောင်ဂျွန် လည်း ရှာနေပါတယ်"

"ဟား စိတ်အေးအေးထားလို့မရတာ ဆော့ဂျင်ကအသိဆုံးပါ ကျနော်မှားတာ Red Emerald Pack ကို ပြန်ခေါ်လာခိုင်းလိုက်ရမှာ ဒီမှာဆိုရင် ကင်မ်ပျောက်မှာမဟုတ်ဘူး"

ပတ်ခ်ဆိုးဂျွန်ရဲ့ ယူကြုံးမရပြောတဲ့စကားကို ကင်မ်ဆော့ဂျင် ပြန်ပြောမနေတော့ပါ။ ဘယ်မှာထားထား ဘယ်မှာနေနေ အချိန်တန်ရင် ဖြစ်လာမယ့်ကံကြမ္မာကို ဘယ်သူကမှ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ပတ်ခ်ဟျောင်းရှစ်ကတော့ ဘာမှ ဝင်မပြောဘဲ ပတ်ခ်ဆိုးဂျွန်ကိုသာစိုက်ကြည့်နေပြီး တစုံတရာကိုတွေးတောနေမိတာ။

"ဆိုးဂျွန် တနေ့က စုံစမ်းခိုင်းထားတဲ့သူတွေဆီက ဘာသတင်းရသေးလဲ"

"ဘာသတင်းရ ရ ဦးမှာလဲ ဟျောင်းရှစ် တနေ့ကမှထွက်သွားကြတာ"

"ဟားးး တခုခုဖြစ်နေကြတာတော့ မဟုတ်ဘူးမလား"

ပတ်ခ်ဟျောင်းရှစ်ရဲ့စကားအဆုံး အိမ်ထဲကို အလောတကြီးဝင်လာတဲ့ Alpha တကောင်။

"ညာလက်ရုံးပတ်ခ် မနေ့က သွားစုံစမ်းတဲ့အဖွဲ့ဝင်တွေထဲက ခေါင်းဆောင်ငယ်ဆွန်းမင် ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ် အခု ဆေးကုသဆောင်မှာ ဒဏ်ရာပြင်းတယ်"

"တောက်ခ် ငါသိပြီ အဲ့ကိုလာခဲ့မယ် သွားတော့"

ပတ်ခ်ဆိုးဂျွန်ရဲ့ ဒေါသတကြီးတောက်ခေါက်သံကြောင့် သတင်းလာပေးတဲ့ Alpha က တချက်တုန်သွားပြီး ပြန်ပြေးထွက်သွားတယ်။ အခြေအနေကိုနားလည်တဲ့ ပတ်ခ်ဟျောင်းရှစ် မတ်တပ်ထရပ်ရင်း ပြောလိုက်တယ်။

"ဆိုးဂျွန် Pack ရဲ့ လုံခြုံရေးနဲ့ ကင်မ့်ကိုရှာဖို့ကို ငါ သွားစီစဉ်လိုက်မယ် မင်းက ဆွန်းမင်ကိုသွားကြည့်ပြီး တခုခုသိရအောင်လုပ်လာခဲ့ ပြန်လွတ်လာတာလား သက်သက်ပြန်လွှတ်ပေးတာလားဆိုတာ ရက်ပိုင်းအတွင်းအဖြေပေါ်တော့မယ် ဆော့ဂျင်က သက်ကြီးရွယ်အိုတွေနဲ့ Werewolf လေးတွေ Omega တွေ ပုန်းခိုဖို့ လျှို့ဝှက်နေရာကို သေချာစီစဉ်ပြီး အစာရေစာစီစဉ်ပေးပါ ပြီးတော့ အားလုံး ရိက္ခာခြောက်တွေလုပ်ကြဖို့ ဆော်ဩပေးပါ"

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Opowieści tętniące życiem. Odkryj je teraz