Special Extra of MarYar

2.2K 222 23
                                    

[Unicode]

Black Diamond Pack ရဲ့ သစ်လုံးအိမ်ကလေးထဲမှာ Omega ကင်မ်ထယ်ယောင်းရဲ့ နာနာကျင်ကျင်အော်ဟစ်သံလေး။

ကင်မ်ထယ်ယောင်း အထဲကနေအော်လေ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ အိမ်ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ True Blood Alpha ဂျွန်ဂျုံးဂု။

တောအုပ်ထဲကနေ ကင်မ်ထယ်ယောင်းအသံလေးကို နားစွင့်‌နေတဲ့အပြာရောင်မျက်ဆံတွေနဲ့ True Blood Alpha တကောင်။

နောက်ဆုံး စူးစူးဝါးဝါးတချက်အော်ပြီးတဲ့အခါ ထွက်ပေါ်လာတဲ့ ကလေးငိုသံလေး။

အခုမှ ဂျွန်ဂျုံးဂုရင်ထဲက စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားပြီး အထဲကသူတွေကို လှမ်းအော်မေးလိုက်တယ်။

"သစ်ပင်ညိုလေး အဆင်ပြေရဲ့လား"

"လူကြီးရော ကလေးရော အဆင်ပြေပါတယ် ခေါင်းဆောင်ဂျွန်"

"အခု ဝင်လာလို့ရပြီလား'

"မရသေးပါဘူး ခေါင်းဆောင်ဂျွန်"

"ရရင် ပြောလိုက် တံခါးရှေ့မှာ ရပ်နေတယ်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

အချိန်အနည်းငယ်ခန့်အကြာမှာ သစ်လုံးအိမ်လေးထဲက ထွက်လာတဲ့အသံ။

"အထဲကို ဝင်လာလို့ရပါပြီ ခေါင်းဆောင်ဂျွန်"

စကားသံဆုံးတာနဲ့ တံခါးကို ဝုန်းကနဲတွန်းဖွင့်ပြီး ကင်မ်ထယ်ယောင်း လဲလျောင်းနေတဲ့ အိပ်ယာဆီ အပြေးသွားတဲ့ ဂျွန်ဂျုံးဂုရယ်ပါ။

"သစ်ပင်ညိုလေး သစ်ပင်ညိုလေးက ဘာဖြစ်လို့ မျက်လုံးတွေ မှိတ်ထားရတာလဲ ခုနကပြောတော့ အကုန်အဆင်ပြေတယ်ဆို"

Alpha Tone အနည်းငယ်သုံးလိုက်တာမို့  အိမ်လေးထဲရှိသူတွေအားလုံး တုန်တက်သွားတယ်။

"ဂျုံးဂု အသံတိုးပြောပါ သစ်ပင်ညိုလေးက ပင်ပန်းလို့ အိပ်ပျော်နေတာလေ"

"ေဩာ ကျနော်က တခုခုဖြစ်တာလား စိုးရိမ်သွားတာပါ ဘာလေးမွေးတာလဲ ဆော့ဂျင်"

"အဟင်း ယောက်ျားလေးပဲ ချစ်စရာ တတုံးတခဲကြီးရယ် ငါ့တူလေးက"

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Onde histórias criam vida. Descubra agora