မာယာ-၂၁

3.7K 412 27
                                    

[Unicode]

"ဘယ်သူ့ကို ထိလို့ရတာလဲ ပြန်ပြောလိုက်စမ်း"

ခပ်ဆတ်ဆတ်မေးသံနဲ့အတူ Lone Wolf တွေရဲ့ အနောက်ကိုရောက်လာကြတဲ့ ကင်မ်နမ်ဂျွန်း မင်ယွန်းဂီ ပတ်ခ်ဆိုးဂျွန်းး ပတ်ခ်ဟျောင်းရှစ် ပတ်ခ်ဂျီမင်းနဲ့  Alpha အကောင် ၂၀ ခန့်။ ကင်မ်ဆော့ဂျင် ဝမ်းသာအားရနဲ့ အားကိုးတကြီးခေါ်လိုက်မိတာက ကင်မ်နမ်ဂျွန်းကို။

"နမ်ဂျွန်း နမ်ဂျွန်း သစ်ပင်ညိုလေးကို လာခေါ်ပေးပါဦး"

ကင်မ်ဆော့ဂျင်ရဲ့အော်ခေါ်သံကြောင့် ကင်မ်နမ်ဂျွန်းကစပြီး Lone Wolf တွေကို တိုက်ခိုက်လိုက်တယ်။ တဖက်နဲ့တဖက် အသေအကြေ တိုက်ခိုက်နေကြတဲ့ Alpha တွေ။ တကယ်ဆို Lone Wolf တွေက ရိုင်းစိုင်းကြမ်းတမ်းပြီး အင်အားပိုကြီးတာမှန်ပေမယ့် ကင်မ်နမ်ဂျွန်းတို့ဘက်က အခုခေါ်လာတဲ့ Alpha တွေဟာ စနစ်တကျလေ့ကျင့်ထားတဲ့ကောင်တွေချည်းသာ။

ကင်မ်ဆော့ဂျင် ပြင်းထန်နေတဲ့တိုက်ပွဲကို ချောင်တချောင်ကနေထိုင်ပြီး ကင်မ်ထယ်ယောင်းကို ပေါင်ပေါ်ပွေ့တင်ကာ ကြည့်နေမိတယ်။ ဇောကြောင့်သာအားတင်းလာပေမယ့် ဂျောင်ကုရဲ့ ပြင်းထန်တဲ့ရိုက်ချက်တွေကြောင့် အတွင်းဒဏ်ရာလည်းရထားသေးတာ။ ဒါကြောင့် ကင်မ်ဆော့ဂျင် ရှေ့ကိုဆက်သွားနိုင်ဖို့ အင်အားလည်းမရှိတော့တာမို့ ကင်မ်ထယ်ယောင်းကိုသာ ခပ်တင်းတင်းဖက်ထားမိတော့တယ်။

ဘယ်ဘက်ကသေဆုံးလို့ သေဆုံးမှန်းတော့မသိပတ်ဝန်းကျင်မှာ သွေးညှီနံ့တွေ ဖုံးလွှမ်းလာတယ်။ ကင်မ်ဆော့ဂျင် မျက်လုံးတွေမှိတ်ပစ်လိုက်ချင်ပေမယ့် သစ်ပင်ညိုလေးကို စိတ်မချတာမို့ အတင်းဖွင့်ထားမိတယ်။ ကြည့်နေရင်းမှာပဲ ကင်မ်ဆော့ဂျင်ဘက်ကို လာနေတဲ့အနက်ရောင် Alpha တကောင်ကြောင့် ထပြေးဖို့ကြိုးစားပေမယ့် မမှီတော့ပါ။ သစ်ပင်ညိုလေးကိုသာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။ ဒါက သူတို့ရဲ့နောက်ဆုံးအချိန်များလား သစ်ပင်ညိုလေးကို သူလည်းမကာကွယ်နိုင်တော့ဘူး ထင်ပါရဲ့။

"ဆော့ဂျင် သွားကြရအောင် ကျနော်တို့အရင်ပြန်ကြမယ်"

ဒီတခါကြားလိုက်ရတဲ့ ကင်မ်နမ်ဂျွန်းအသံက ကင်မ်ဆော့ဂျင်ဘဝမှာ နားထောင်အကောင်းဆုံးပါပဲ။ မှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်လိုက်ချိန် သူ့ရှေ့မှာပြုံးပြကာ လက်ကမ်းပေးနေတဲ့ ကင်မ်နမ်ဂျွန်း။ အဝတ်တွေကပေါက်ပြဲပြီး သွေးတွေပေကျံနေတာတောင်မှ ကင်မ်ဆော့ဂျင်မျက်လုံးထဲ အားကိုးချင်စရာကောင်းနေတယ်။

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Onde histórias criam vida. Descubra agora