မာယာ-၂၀

3.5K 402 32
                                    

[Unicode]

ကင်မ်ဆော့ဂျင် အိပ်နေရာက ရုတ်တရက်လန့်နိုးလာတော့ တကိုယ်လုံး ချွေးစေးတွေထွက်နေတယ်။ မောဟိုက်နေတဲ့ရင်အစုံကို လျစ်လျူရှုရင်း အိပ်ယာကထကာ ကံ့ကော်တောထဲက သစ်ပင်ကြီးဆီကို အပြေးသွားမိတယ်။ အမှောင်ထဲမှာလည်း ကောင်းကောင်းမြင်နိုင်တဲ့ မျက်လုံးတွေရှိတာကို ဒီတခါတော့ကျေးဇူးတင်မိတယ်။ မိုးစင်စင်မလင်းသေးပေမယ့် ကံ့ကော်တောထဲက အိမ်ဆီရောက်တော့ မြင်လိုက်ရတာက အကိုင်းအခက်တွေညှိုးနေတဲ့ သစ်ပင်ကြီး။

ရာသီတွေဘယ်လိုပြောင်းပြောင်း စိမ်းစိုနေခဲ့တဲ့ သစ်ပင်ကြီးက အခုကျမှ ဘယ်လိုဖြစ်ရတာလဲ။ ကင်မ်ဆော့ဂျင် ဆောက်တည်ရာမရစွာ မြေပြင်ပေါမှာထိုင်ချလိုက်မိတယ်။ သစ်ပင်ညိုလေးက သူ့ကို အိပ်မက်ထဲမှာငိုပြီးပြော‌နေတာ ဆော့ဂျင် ကျနော့်ကိုမြန်မြန်လာခေါ်ပါ တဲ့။ သူထင်တဲ့အတိုင်း သစ်ပင်ညိုလေးက အန္တရာယ်တခုခုဖြစ်နေပြီ ထင်ပါရဲ့။

ကင်မ်ဆော့ဂျင် အကြာကြီးဝမ်းမနည်းနိုင်ဘဲ Black Diamond Pack ကို သွားဖို့ ပြန်ထလိုက်တယ်။ သစ်ပင်ညိုလေးကို ပြန်မခေါ်လာနိုင်ကတည်းက အဲ့ဒီ Pack ကိုမသွားတော့သလို ကင်မ်နမ်ဂျွန်းနဲ့တောင် မတွေ့ဖြစ်တော့။ ဘာမှမဆိုင်ပေမယ့်လည်း ဂျွန်ဂျုံးဂုရဲ့တာဝန်မကျေမှုကြောင့်သာ သစ်ပင်ညိုလေးပြန်မပါလာတာမို့ ကင်မ်နမ်ဂျွန်းနဲ့လည်း မပတ်သတ်ချင်တော့ပါ။

**********

"ဟင် ဆော့ဂျင် ကျနော့်ဆီလာတာလား"

"မဟုတ်ပါဘူး ဂျွန်ဂျုံးဂုဆီလာတာ သူဘယ်မှာလဲ ကျနော့်ကို အမြန်လိုက်ပို့ပေးပါ"

"ဪ ဟုတ်ကဲ့ပါ သစ်လုံးအိမ်မှာပဲ ရှိနေလောက်မယ် Pack ထဲမရောက်လောက်သေးဘူး ဆော့ဂျင်"

"ဒါဆို ကျနော့်ဘာသာ သွားလိုက်မယ် ကျေးဇူးပါပဲ နမ်ဂျွန်း"

ကင်မ်နမ်ဂျွန်း သူ့ကို လိုက်ပို့ခွင့်တောင်မပေးဘဲ နှုတ်ဆက်ပြီးထွက်သွားတဲ့ ကင်မ်ဆော့ဂျင်ကြောင့် ရင်ဘတ်တနေရာက နာကျင်ရပါတယ်။ ကင်မ်ထယ်ယောင်းကို ပြန်မခေါ်လာနိုင်တဲ့နေ့ကတည်းက ကင်မ်ဆော့ဂျင်က Pack ကိုတောင်မလာခဲ့သလို သူ့ကိုလည်း ခပ်တန်းတန်းသာ ဆက်ဆံတော့တာ။ သူဖွင့်ဟဝန်ခံချင်တဲ့စကားတွေကလည်း အိပ်မက်လိုသာ ပျောက်ကွယ်သွားတယ်။

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Donde viven las historias. Descúbrelo ahora