မာယာ-၅

5.4K 695 27
                                    

[Unicode]

မင်ယွန်းဂီ ကံ့ကော်တောကြီးထဲ လျှောက်ကြည့်နေတယ်။ တခုခုတွေ့လိုတွေ့ငြား မျက်စိရှင်ရှင်ထား ကြည့်ပေမယ့် ကံ့ကော်ပင်တွေကလွဲရင် ခုထိ ဘာမှထူးခြားတာမတွေ့ပါ။ Red Emerald Pack က ဒီကံ့ကော်တောအလွန်မှာ ရှိနိုင်တယ်မလား။ ဒါပေမယ့် မင်ယွန်းဂီ ဘယ်လောက်လျှောက်လျှောက် ကံ့ကော်တောက မပြီးဆုံးနိုင်တော့။ မင်ယွန်းဂီ ဆောင်နေကျဓားအသေးလေးနဲ့ ကံ့ကော်ပင်ကို အမှတ်အသားပြုလိုက်တယ်။ သွားတဲ့လမ်းတလျှောက်က အပင်တိုင်းကို အမှတ်အသားပြုတယ်။ မဟုတ်သေးဘူး မင်ယွန်းဂီ အမှတ်အသားစပြုတဲ့ ကံ့ကော်ပင်နေရာကို ပြန်ရောက်လာတာလား။ ဒါက တောလည်တယ်ပြောရအောင် မင်ယွန်းဂီက Werewolf တစ်ကောင်။ သေချာတာက ကင်မ်ထယ်ယောင်းတို့က လမ်းကြောင်းကို တခုခုလုပ်ထားတာပဲဖြစ်မယ်။

"ဟိတ် ရွှတ် ရွှတ်"

ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့အသံကြောင့် မင်ယွန်းဂီ သတိအနေအထားပြင်လိုက်တယ်။

"ဟေး ဖြူစုတ်စုတ်ကောင် အပေါ်ကို မော့ကြည့်လိုက်"

မင်ယွန်းဂီ အသံလာရာနေရာကို မော့ကြည့်တော့ ကံ့ကော်ပင်ခွကြားမှာထိုင်နေတဲ့ ကောင်လေး တစ်ကောင်။ မျက်လုံးမှေးမှေး ပါးဖောင်းဖောင်းနဲ့ အသားဖြူဖြူ ချစ်စရာကောင်လေး။ မင်ယွန်းဂီ အကဲခတ်ကြည့်တော့ Omega  မဖြစ်နိုင်သလို Alpha လည်းမဖြစ်နိုင်။

"ဒီမှာ ခင်ဗျားကို ကြည့်နေတာကြာပြီ ဘာလို့ လျှောက်သွားနေတာလဲ တောထဲမှာ ဒီတောက သွားချင်တိုင်း သွားလို့ရတယ်များထင်နေလား"

"မင်းက ဘာလဲ"

"ကျနော်က ဒီနေရာရဲ့ သခင်ကို ယူမယ့်သူလေ"

"ဘာ အဟား ဟား ဒီကံ့ကော်တောက ကင်မ်ထယ်ယောင်းဟာမလား ကင်မ်ထယ်‌ယောင်းက Mate ရသွားပြီလေ"

"ဘာ ကျုပ်ကမှ ထယ်ထယ့် Mate ဖြစ်ရမှာ ခင်ဗျား အခု ထွက်သွား ဒီတောထဲက ဘယ်က ပေါက်လွတ်ပဲစားတွေ ဝင်လာမှန်းမသိဘူး"

"အဟက် ပုံစံကြည့်တော့ တကိုင်စာပဲရှိတယ် ငါ့ ကိုများ လာနှင်ထုတ်နေတယ် Beta ဖြစ်ပြီး Male Omega ရဲ့ Mate လုပ်ချင်သေးတယ် အဟက်"

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Donde viven las historias. Descúbrelo ahora