မာယာ-၆

5K 625 27
                                    

[Unicode]

ကင်မ်ထယ်ယောင်း မျက်နှာပေါ်မှာ ပိုးပုဝါပါး လေးအုပ်လိုက်ပြီး အပြင်ထွက်ဖို့ပြင်လိုက်တယ်။ ဂျွန်ဂျုံးကုက ဧည့်ခန်းမှာ အဆင်သင့်ထိုင်စောင့်နေတယ်။ ပတ်ခ်ဆိုးဂျွန် ပတ်ခ်ဟျောင်းရှစ်နဲ့ ပတ်ခ်ဂျီမင်းတို့က မနက်တည်းက Red Emerald Pack ထဲကို သွားကြပြီ။ မသွားရင်လည်း ပတ်ခ်ဂျီမင်းနဲ့ ဂျွန်ဂျုံးဂုနဲ့က ပြဿနာတက်တော့မှာ။ပတ်ခ်ဂျီမင်းကို Red Emerald Pack ထဲမှာပဲနေခိုင်းပေမယ့် အမြဲကံ့ကော်တောထဲကို နယ်ကျော်ပြီးရောက်လာတတ်တယ်။ ကင်မ်ထယ်ယောင်းဆီလာပြီး စကားတွေပြောလိုက် မျက်နှာလေး ထိုင်ကြည့်လိုက် လုပ်တတ်လွန်းလို့ ပတ်ခ်ဆိုးဂျွန်က မလာဖို့တားမြစ်ထားတာ။ ဒါပေမဲ့ ပတ်ခ်ဂျီမင်းက သူ့အစ်ကိုပတ်ခ်ဆိုးဂျွန်ရဲ့စကားကို ညာဘက်နားကနားထောင်ပြီး ဘယ်ဘက်နားကပြန်ထုတ်တဲ့သူမျိုး။ ပတ်ခ်ဂျီမင်း ငယ်ငယ်တည်းက ပြောနေကျစကားက ထယ်ထယ်က ငါ့ Mate ဆိုတာပဲ။ အခုထိ တဖတ်သတ် သတ်မှတ်ထားပြီး ကင်မ်ထယ်ယောင်းကိုဆို မျက်နှာတချက်မညှိုးစေရ။ ပတ်ခ်ဆိုးဂျွန်က အကြောင်းစုံသိသူမို့ ညီဖြစ်သူကို ဖျောင်းဖျပေမယ့် မရတာမို့ သူ့ထိုက်နဲ့ သူ့ကံ လွှတ်ထားလိုက်တယ်။ ဒါပေမဲ့ မနက်ကလိုမျိုး ကင်မ်ထယ်ယောင်းကို ပြောဆိုဆက်ဆံတာက ဂျွန်ဂျုံးဂုအနေနှင့်ကျ မျက်စိဆံပင်‌မွေးစူးရတယ်။
ပြဿနာတက်တော့မယ့်အခြေအနေကို ကင်မ်ထယ်ယောင်းက လေပြေလေးနဲ့ ဝင်ထိန်းပြီး ပတ်ခ်ဆိုးဂျွန်တို့ကို Pack ကိုအရင်လွှတ်လိုက်တာ။ ဂျွန်ဂျုံးဂုနဲ့က အေးဆေးမှပဲလိုက်လာမယ် ပြောပြီးတော့ပေါ့။

"Alpha ကြီး သွားကြရအောင်"

"အင်း သွားကြတာပေါ့"

ဂျွန်ဂျုံးဂုက ထိုင်နေရာကထပြီး ကင်မ်ထယ်ယောင်းနားကို ရောက်လာတယ်။ ကင်မ်ထယ်ယောင်းက အရှေကနေ ဦးဆောင်ပြီးထွက်သွားတာမို့ ဂျွန်ဂျုံးဂု မျက်မှောင်ကြုတ်မိတယ်။ ကင်မ်ထယ်ယောင်းက သူနဲ့အတူတူ တွဲမလျှောက်ချင်တဲ့သဘောလား။ ဂျွန်ဂျုံးဂု ကင်မ်ထယ်ယောင်းဘေးမှာယှဉ်လျှောက်ပြီး ခါးကိုလှမ်းဖက်လိုက်တယ်။ ရုတ်တရက်မို့ ကင်မ်ထယ်ယောင်းက အံ့ဩသွားပေမယ့် ဘာမှတော့မပြောဘူး။ ခါးကိုဖက်ထားပေမယ့် တည်တည်တင်းတင်း မျက်နှာထားနဲ့ ဂျွန်ဂျုံးဂုရယ်ပါ။ ကံ့ကော်ပင်တွေကိုဖြတ်လျှောက်လာပြီး တော်တော်ကြာတော့မှ ကံ့ကော်တောက ဆုံးတယ်။ Werewolf တွေသက်ဝင်လှုပ်ရှားနေတဲ့ Red Emerald Pack က ကြို‌နေတယ်။ ကင်မ်ထယ်ယောင်းနဲ့ ဂျွန်ဂျုံးဂုကိုတွေ့တာနဲ့ Werewolf လေးတွေက ဘေးနားကို ဝိုင်းလာတယ်။

မာယာတစ်သိန်း နဲ့ ငါ့ Omega /Completed/Onde histórias criam vida. Descubra agora