"ရောက်တော့မှာပါ ဆရာ..ကားပါကင်ထိုးနေလို့.."
အစောကြီးကတည်းက အရေးတကြီးခေါ်နေသော ကြောင့် အက္ခရာမောင်ခမျာ မနက်စာတောင် မစားရ သေးဘဲ အလုပ်လာရသည်..။
အခုလည်း ကားပါကင်ကို အလျင်အမြန် ထိုးကာ အ ဆောက်အဦးဆီသို့အလာ..၊ ပလက်ဖောင်း၌..။
အာ့!
ကျွန်တော်လည်း လောနေသောကြောင့် ဘာမှ မမြင်မိ တော့သဖြင့် အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိလေတော့ သည်..။
"တောင်းပန်ပါတယ်ဗျ..အလုပ်ကိစ္စအရေးကြီးနေလို့ပါ "
ကျွန်တော် ထိုအမျိုးသမီးကို မော်လို့ပင် မကြည့်နေတော့ ဘဲ ခါးညွှတ်ပြီး တောင်းပန်လိုက်ကာ လှည့်ထွက်မည် ပြုစဥ် လက်ကောက်ဝတ်ကို လူတစ်ယောက်၏ ဖမ်းဆွဲ ခြင်း ခံလိုက်ရသည်..။
"ခရာ.."
တရင်းတနှီးခေါ်လာသောအသံကြောင့် သူလှည့်ကြည့် လိုက်ရာ ဖမ်းဆွဲထားသည့်သူက သူ၏အမုန်းဆုံးသူ..၊ အရင်တုန်းကတော့ သူငယ်ချင်းဖြစ်ခဲ့ပေမဲ့ အခုလက်ရှိ မှာ မုန်းမိနေတဲ့ တစ်ဦးတည်းသောသူ..၊ မေသဝဏ်လွှာ။
"မတွေ့တာတောင်ကြာပြီနော်..ခရာ.."
မမြင်ချင်တဲ့မျက်နှာကို မြင်ရသည့်အတွက် စိတ်က မကြည်တော့ချေ..။ ဖမ်းဆွဲထားသည့်လက်ကို ဆွဲဖြုတ် လိုက်ပြီး လှည့်ထွက်လာတော့..။
"ခရာ..နင်ငါ့ကိုအခုထိ မုန်းနေတုန်းလား..ပြီးခဲ့တာတွေ က ပြီးပြီပဲလေ.."
ကျစ်..
သူ စိတ်ပျက်စွာနှင့် စုတ်တစ်ချက်သပ်ကာ သဝဏ့်ဘက် သို့ ပြန်လှည့်လိုက်ပြီး-
"နင်ပြောချင်ရင် နောက်မှပြော..ငါ့အချိန်တွေကို နင့်အ တွက်ကြောင့်နဲ့တော့ အကုန်မခံနိုင်ဘူး.."
ပြောလိုက်သည့်စကားတွေက ခတ်ထန်နေသည်ကိုတော့ သိသော်လည်း ထိုစကားတို့နှင့်သာ ထိုက်တန်သော ကြောင့် သူ ပြောပြီးတာနဲ့ လှည့်ထွက်ခဲ့တော့သည်..။
"နင်ငါ့ကို အခုချိန်ထိ မုန်းနေတုန်းပဲလား ခရာရယ်.."
သဝဏ်သည် ထိုနေရာမှာသာ ရပ်ကျန်နေခဲ့ပြီး ကျော ခိုင်းသွားသော ခရာ့ကျောပြင်ကို မျက်ရည်ဝဲစွာဖြင့် ငေး ကြည့်နေမိခဲ့သည်..။
YOU ARE READING
The Reason Why I Break You Up [Completed]
RomanceStart date - April 13, 2022 End date - May 30 , 2022 ဇာတ်အကျဥ်း___ ၆ နှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ ချစ်သူနှစ်ဦး.. လမ်းခွဲဖြစ်ခဲ့ကြချိန်မှာတော့..အကြောင်းပြချက်မရှိဘဲ လမ်းခွဲခံခဲ့ရတဲ့ "အက္ခရာမောင်"... သူ့ရဲ့ချစ်လှစွာသောဆိုတဲ့ "ခန့်ရှင်းသူ" ဆိုတဲ့သူက သူ...