ခန့်မရှိတော့ သဝဏ်က ကျွန်တော့်အိမ်ကို ရောက်လာ ပြန်သည်..။
မတွေ့တာကြာလို့ လွမ်းလို့ဆိုတဲ့စကားကိုသာ တစ်ဖွ ဖွ ပြောနေပြီး အခု ၇နာရီပင် ကျော်နေပြီ..၊ သူအိမ် မပြန်သေးချေ..။
"သဝဏ်..နင် မပြန်သေးဘူးလား.."
အိမ်ရှေ့ဆိုဖာပေါ်တွင် ထိုင်ကာ ဆံပင်ကို ဒရိုင်ယာ နှင့် မှုတ်နေသော သူ(မ)ကို ကျွန်တော် မေးလိုက် သည်..။
"ဟင့်အင်း..ငါ ဒီည ဒီမှာပဲ အိပ်မှာ.."
"ဘာ! "
"ဟုတ်တယ်လေ..မရဘူးလား..ငါ့အိမ်မှညက ငါတစ်ယောက်တည်း..ပျင်းလည်းပျင်းတယ်..ကြောက်လည်းကြောက်တယ်.."
"ဟာ..အဲဒါဆို အရင်နေ့တွေက နင်ဘယ်လိုအိပ်လဲ.."
"အဲ့လိုပဲပေါ့..ကြောက်ကြောက်နဲ့အိပ်ရတာ.."
သဝဏ်က ကျွန်တော့်ကို ပြောပြေညဆိုဆိုနှင့် မျက်စောင်းထိုးသွားကာ ဒရိုင်ယာကို ဆက်ပြီးတော့ မှုတ်နေသည်..။
"အဲ့လိုဆိုလည်း ဟိုတယ်မှာ အိပ်ပေါ့.."
"နင့်အိမ်ရှိနေတာပဲကို..ဟိုတယ်သွားဖို့လိုသေးလို့လား.."
"ဒါပေမဲ့လည်း..အခုလို ငါတစ်ယောက်တည်းရှိနေတဲ့ အချိန်မှာ နင်လာအိပ်တာတော့ မဟုတ်သေးဘူးလေ.. ပြန်လိုက်ပါဟာ..နော်.."
"မပြန်ဘူးဟာ..ခရာ..နင်ဘယ်လိုဖြစ်နေတာလဲ..နင်နဲ့ ငါနဲ့က ချစ်သူတွေလေ..ဒီလောက်လေးတောင် ဖြည့် ဆည်းပေးလို့မရဘူးလား.."
"ဘာ..ချစ်သူဆိုတိုင်း.."
ကျွန်တော် သူ(မ)နှင့် ပြိုင်ပြီး စကားရည်မလုနိုင် တော့ချေ..။ စုတ်တစ်ချက်ကိုသာ စိတ်ပျက်စွာဖြင့် သပ်လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်..။
ကုတင်ပေါ်ကို တက်ထိုင်လိုက်ပြီး လိုင်းပေါ်တက်လာ ခဲ့ချိန် ခနကြာတော့ ခန့်ဆီမှ VC ခေါ်လာလေသည်။
""မောင်..ခန့်တို့ ရောက်ပြီ.."
"အင်း..ခရီးပန်းနေလောက်ရောပေါ့..ကားနဲ့ဆိုတော့.."
"အင်း နည်းနည်းပေါ့..ဒါနဲ့မောင်..ခန့်လေ..ဒီနေ့ ရေနစ်သွားတယ်.."
YOU ARE READING
The Reason Why I Break You Up [Completed]
RomanceStart date - April 13, 2022 End date - May 30 , 2022 ဇာတ်အကျဥ်း___ ၆ နှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ ချစ်သူနှစ်ဦး.. လမ်းခွဲဖြစ်ခဲ့ကြချိန်မှာတော့..အကြောင်းပြချက်မရှိဘဲ လမ်းခွဲခံခဲ့ရတဲ့ "အက္ခရာမောင်"... သူ့ရဲ့ချစ်လှစွာသောဆိုတဲ့ "ခန့်ရှင်းသူ" ဆိုတဲ့သူက သူ...