Episode 17 (Unicode)

3K 239 38
                                    

၆ လခန့်ကြာပြီးနောက်...

ဤဆေးရုံခန်းလေးထဲ၌ တေးရသတစ်ယောက် ထိုင် နေခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်..။ ကု တင်ပေါ်တွင် ၆လကျော်ကြာ သတိမရသေးသည့် ခန့် ရှင်းသူက ထိုအတိုင်းသာ လှဲလျောင်းနေသည်..။ ပြီး တော့ တေးရသကလည်း ခန့်ရှင်းသူ၏လက်ကို ခပ်ဖွ ဖွလေး ဆုပ်ကိုင်ထားသည်..။

အသက်ရှင်နေပေးသေးတာကိုပဲ ကျေးဇူးတင်ရမလို ဖြသ်နေသည်..။ ဘယ်အချိန်မှ ပြန်သတိရလာမယ် မှန်း မသိသည့် ထိုကောင်လေးကို ကြည့်ရင်း တေးရ သတစ်ယောက် ရင်ထဲ၌ ဆို့နစ်ဝမ်းနည်းရသည်..။

"ပြန်သတိရလာပေးပါတော့ ညီရယ်.."

တေးရသတစ်ယောက် ခပ်တိုးတိုးလေး ရေရွတ်လိုက် ပြီး ဆုပ်ကိုင်ထားသော လက်လေးကို လက်မလေးနှင့် ခပ်ဖွဖွလေး ပွတ်သပ်လိုက်သည်..။

ကျွန်တော် ညီ့ကို သဘောကျနေပြီလား မသိ..၊ အရင် တုန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဖူးတဲ့ ကျွန်တော်က အခု ဒီကောင်လေးနဲ့တွေ့မှ ပြောင်းလဲသွားခဲ့ရသည်..။  

တေးရသတစ်ယောက် တစ်ညလုံးလည်း မအိပ်ပျော် ခဲ့သဖြင့် အခု ခေါင်းတစ်ခုလုံး ကိုက်နေသည်..။ ထို့ ကြောင့် ဆုပ်ကိုင်ထားသော လက်ကလေးကို အနည်း ငယ် ဖြေလျှော့ကာ ကုတင်ပေါ်ကို ခေါင်းတင်လိုက် ပြီး မျက်စိမှိတ်ထားလိုက်သည်..။

ဘာလို့များ လောကကြီးက အချစ်ခံထိုက်တဲ့ကောင် လေးကိုမှ အခုလို လုပ်ရပ်ရတာလဲ..။ မတရားလိုက် တာ..။

ကျွန်တော် စိတ်နာနာနှင့် လောကကြီးကို အပြစ်တင် နေချိန် ဆုပ်ကိုင်ထားသော လက်ချောင်းပေါ်၌ လှုပ် ရှားမှုလေးတစ်ခုကို ခံစားလိုက်ရသည်..။

စိတ်ထင်တာ ဖြစ်ပါလိမ့်မယ်..။

မေ့မေ့ပျောက်ပျောက်သာ ထားလိုက်သော်လည်း ခန ကြာတော့ နောက်တစ်ကြိမ် ထပ်ပြီးခံစားလိုက်ရပြန် သည်..။ ဒီတစ်ခါတော့ ထင်ယောင်ထင်မှား မဟုတ် ချေ..။

တေးရသတစ်ယောက် ဆတ်ခနဲ ခေါင်းမော့ကြည့် လိုက်ပြီး ဆုပ်ကိုင်ထားသော ကောင်လေး၏ လက်ကို ခပ်ဖွဖွလေး ပုတ်လိုက်သည်..။ ထိုအခါ ကောင်လေး ၏ လက်မက ဆတ်ခနဲ လှုပ်သွားလေသည်..။

The Reason Why I Break You Up [Completed]Tahanan ng mga kuwento. Tumuklas ngayon