Episode 21 (Unicode)

2.9K 228 90
                                    

"ငါတို့ လမ်းခွဲကြရအောင် သဝဏ်.."

ကျွန်မကို ပြောစရာရှိတယ်ဆိုပြီး ကော်ဖီဆိုင်ချိန်း တာက ဒီစကားပြောဖို့အတွက်လား..။

မေသဝဏ်လွှာတစ်ယောက် မျက်စိအဝိုင်းသားဖြစ် သွားကာ-

"မဖြစ်နိုင်ဘူး..ငါလမ်းမခွဲချင်ဘူး ခရာ..ငါ့မှာ နင်တစ် ယောက်ပဲ ရှိတာမို့လို့ နောက်တစ်ခါ အဲ့စကားမပြော ပါနဲ့.."

ကျွန်မ ငြင်းလိုက်တော့ ခရာက သက်ပြင်းကို ခပ်ဖွဖွ ချကာ-

"ငါသိပါတယ်..နင့်မှာ ငါတစ်ယောက်တည်း ရှိတယ် ဆိုတာ ငါသိတယ်..ဒါပေမဲ့ သူငယ်ချင်းကောင်းတစ် ယောက်အနေနဲ့တော့ နင့်ဘေးမှာ ရှိနေတယ်လေ..မရ ဘူးလား.."

"ဟင့်အင်း..မရဘူး..သူငယ်ချင်းဆက်ဆံရေးဆိုရင် ဘယ်အချိန် အေးစက်သွားမလဲ မပြောနိုင်ဘူး..အ ကယ်၍ နင်က နင့်ချစ်သူဘေးမှာပဲ အမြဲရှိနေပြီး ငါ့ကို ပစ်ထားရင် ငါ့ဆီမှာ ဘယ်သူမှ မရှိတော့ဘူးဟ.. အဲဒါကြောင့် ငါနင့်အနားရှိနေဖို့က ဒီနည်းပဲ ရှိတာမို့.. ငါ့ ကိုလမ်းမခွဲပါနဲ့ဟာ..နော်.."

ကျွန်မ အနူးအညွှတ် ခခယယပြောနေသော်လည်း ခရာကတော့ ခေါင်းသာ တွေတွေခါယမ်းကာ-

"မဖြစ်နိုင်တော့ဘူး သဝဏ်..ဒီအတိုင်းနင်နဲ့တွဲနေရင်.. ခန့်နဲ့ ဝေးရတော့မယ်..ငါနဲ့နင်နဲ့ဆက်ဆံရေးကို ခန့်က သိတာကြာနေပြီတဲ့.."

"ဘာ.."

"ဟုတ်တယ်..အဲဒါကြောင့်..ငါတို့နှစ်​ယောက်ကြားက အဲဒီ့ဆက်ဆံရေးကြီးကို ဖြတ်တောက်ပစ်လိုက်ကြရ အောင်..အဖြူထည်သူငယ်ချင်းပဲ ကောင်းပါတယ် ဟာ.."

"မရဘူးဟာ..ခန့်ရှင်းသူနဲ့ ဝေးရမယ်ဆိုလည်း အဝေး ခံလိုက်လို့ မဖြစ်ဘူးလား..သူ့မှာက တစ်နိုင်ငံလုံးနီးပါး ပရိတ်သတ်တွေရှိတယ်လေ..ငါ့မှာက နင်ပဲ ရှိတဲ့ဟာ ကို..မလုပ်ပါနဲ့ဟာ..နော်..ငါတောင်းပန်ပါတယ်.."

"ဟင့်အင်း..တော်ပြီ သဝဏ်..ငါ ခန့်ကို ဆက်ပြီး မပင်ပန်းစေချင်တော့ဘူး..နင်လည်း တစ်နေ့လောက် ခန့်ကိုတွေ့ပြီး ဖြစ်ပျက်ခဲ့သမျှတွေကို တောင်းပန်ပေး ပါလား..ဒါ ငါ့ဘက်ကတောင်းဆိုတာပါ.."

The Reason Why I Break You Up [Completed]Where stories live. Discover now