Episode 31 (Zawgyi)

456 46 0
                                    

"ဒါဆို ဆေးခတ်ခဲ့တာလည်း မုန်းလို့ မဟုတ်ဘူးပေါ့ နော်.."

ထိုစကားကို ပြောပြီးနောက် ခန့်ဘက်က တိတ်ဆိတ် သွားခဲ့သည်..။

"ပြန်မဖြေတော့ဘူးလား ခန့်.."

"ဖြေစရာလိုသေးလို့လား..သစ္စာဖောက်ခဲ့တဲ့ မင်းကို လက်တုန့်ပြန်တာလေ..ငါလွန်လို့လား.."

"ဟင့်အင်း..ခန့်လွန်တယ်လို့ ကိုယ်မပြောမိပါဘူး.. ဒါ ပေမဲ့ သိချင်တာက..ဘာလို့အခုလို သွေးအေးအေးနဲ့ ဖြေရှင်းရတာလဲလို့ပါ..ကိုယ်နဲ့ဘာလို့ ထိပ်တိုက် မဖြေ ရှင်းခဲ့တာလဲ.."

"ငါ့ဘက်က ဖြေရှင်းတော့ရော..ဘာတွေ ပြောင်းလဲ သွားမှာမို့လို့လဲ..ဖောက်ပြန်ပြီးသားလုတစ်ယောက်ကို ချီးခြောက်ရေနူးသလို ထပ်ခါတလဲလဲ မပြောချင် ဘူး..အဲဒီလို ငါဘာမှမပြောချင်ခဲ့လို့ ဒီနေ့အထိ ရေငုံ နှုတ်ပိတ်နေခဲ့တာ.."

"ဘာလို့နှုတ်ပိတ်နေခဲ့ရတာလဲ ခန့်ရာ..အဲ့ဒီ့အချိန်က တည်းက ကိုယ့်ကို တိုက်ရိုက်မေးပြီး ခန့်စိတ်ထင့်နေ တာတွေကို ​မေးခဲ့ရမှာ..အဲ့ဒါဆို အခုလို ဖြစ်လာမှာ မဟုတ်ဘူး.."

"အဟာ့..ငါဘာလို့ မလုပ်ခဲ့တာလည်း သိလား.. ဘာ လို့လဲဆိုတော့ ပေးလာသမျှ ဖြေရှင်းချက်တိုင်းဟာ လည်း.. အလိမ်အညာတွေပဲဆိုတာ သိနေပြီးသား လေ.. ငါကသာ မင်းကိုချစ်နေပေမဲ့.. ငါပြန်ရလာတဲ့ အချစ်က..အစစ်အမှန်မှ ဟုတ်ရဲ့လားလို့.. အမြဲတွေး ပူခဲ့ရတယ်.. မင်းငါ့ကို တကယ်ရော ချစ်ရဲ့လားလို့ မေးချင်ပေမဲ့.. မင်းပြန်ပေးလာတဲ့အချစ်က အတင်း လုပ်ယူနေသလိုမျိုးပဲ ခံစားရတယ်.. အမြဲတမ်း.. မင်းဘေးမှာ ရှိနေလည်း ဒုတိယလူလိုပဲ ဆက်ဆံခံရ တယ်..တိတိကျကျပြောရရင် First date.. ငါတို့ ရဲ့ တန်ဖိုးထားရမယ့် first dateကို မင်းရဲ့သူငယ် ချင်းကြောင့်နဲ့ ပျက်ကွက်ခဲ့တယ်..ပြီးတော့.. ဘာဖြေ ရှင်းချက်မှ မလာခဲ့ဘူး..ပြီးတော့လည်း.. ငါအရင် တုန်းက ညဘက်တွေ သီချင်းဆိုရတယ်ဆိုတာကို သိရက်နဲ့ မင်းရဲ့အနိုင်လိုမှုအားကြီးပြီး ငါ့ကို မနက် အစောကြီး အပြေးပြိုင်ခိုင်းတယ်..ပြီးတော့.. ပွင့် လင်းမှုဆိုတာ..မင်းနဲ့ငါ့ကြားမှာ မရှိခဲ့ဘူး..ငါတို့က လက်ထပ်ထားတာ မဟုတ်သည့်တိုင် အတူတူနေနေ တာပဲလေ..အဲဒီတော့ မင်းရဲ့ အခက်အခဲတွေကိုလည်း ငါ့ကိုပြောပြသင့်တာပေါ့..ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး.. မင်းက အမြဲတမ်းသိုဝှက်တယ်.. ငါကိုလည်း အရေး မပါတဲ့သူတစ်ယောက်လို့..မင်း သတ်မှတ်ထားခဲ့ တယ်.."

The Reason Why I Break You Up [Completed]Where stories live. Discover now