Episode 19 (Zawgyi)

403 47 4
                                    

ကားထွက်ဖို့က နာရီဝက်လောက် ကြာဉီးမှာတဲ့..။

အစောကြီးထလာရသည့် ခန့်ရှင်းသူအဖို့ မှန်လုံကား ပေါ် ပြတင်းပေါက်ဘက်ခြမ်း၌သာ ထိုင်နေလိုက်ပြီး earphoneကိုတပ်..၊ မှန်ပြတင်းပေါက်ကို ခေါင်း မှီထားကာ မှေးနေလေသည်..။

Chord Overstreetရဲ့ Hold on သီချင်း က နားထဲကို ငြိမ့်ငြိမ့်နေနဲ့ စီးဝင်နေပြီး အိပ်ပျော်ခြင်း ဟူသည့်နယ်နမိတ်ထဲ ကူးပြောင်းမည်ပြုစဉ် ဘေးခုံ၌ တစ်စုံတစ်ယောက် ဝင်ထိုင်လိုက်သည်ဟူသော ခံစား ချက်ကြောင့် ခေါင်းကို အားယူထောင်လိုက်ကာ မျက် လုံးကိုလည်း အားယူပြီး ဖွင့်လိုက်ပြီး ကြည့်လိုက် တော့ ဘေးနားမှာ လာထိုင်တဲ့သူက ကိုတေးရသ..။

ခန့်ရှင်းသူတစ်ယောက် မျက်ခွံတွေလေးလန်နေသည့် အတွက် တစ်ချက်သာ ပြုံးပြလိုက်ပြီး မှန်ပြတင်း ပေါက်ဘက်သို့ ပြန်မှီလိုက်ရင်း မျက်လုံးပြန်မှိတ် ထားလိုက်သည်..။

ထိုအချိန် နားတစ်ဖက်မှ earphoneကို ယူလိုက် သည့် ခံစားချက်ကြောင့် ကိုတေးရသယူလိုက်သည် ကို သိလိုက်ပြီး ဘာမှ မပြောလိုက်တော့ချေ..။

"ညီ..ကားထွက်တော့မယ်.."

လွတ်လပ်သွားသောနားတစ်ဖက်အနီးသို့ တိုးညှင်းစွာ ပြောလာသော စကားသံကြောင့်-

"အင်း..ကျွန်တော် ခနအိပ်လိုက်ဉီးမယ်.."

ကျွန်တော် ထိုစကားသာ ပြောနိုင်တော့သည်..။ အိပ် ချင်လွန်းလို့ အာတွေလည်း လေးနေတော့သည်..။

ခနကြာတော့ ကားထွက်ပြီနှင့်တူသည်..၊ မှီထားသော မှန်ပြတင်းပေါက်က တုန်ခါသွားသည်ကို ခံစားမိ လိုက်သည်..။ ထို့နောက် ကျွန်တော့်ရဲ့ခေါင်းကိုလည်း တစ်စုံတစ်ယောက်က ဆွဲမ,လိုက်ပြီး ဘက်ပြောင်းမှီ စေခဲ့သည်..။ အခု ကျွန်တော့်ပါးနှင့်ထိတွေ့နေသော အထိအတွေ့က နူးညံ့သောပိတ်စတစ်စပေါ် ကျွန် တော် ခေါင်းမှီထားရသည်..။

>>>>>>>>

တေးရသတစ်ယောက် ကားစထွက်ပြီဆိုတော့ ဘေး နားမှာ မှန်ပြတင်းပေါက်ကြီးကို မှီထားသော ကောင် လေးကို ကြည့်ရင်း-

"အဲ့လိုသာ အိပ်နေရင် ခေါင်းတွေ နာနေမှာပေါ့.."

တေးရသတစ်ယောက် ကောင်လေး၏ခေါင်းကို အ သာအယာ ဆွဲမ,လိုက်ပြီး သူ့ပုခုံးပေါ်သို့ မှီစေလိုက် သည်..။ ကောင်လေးက အသန့်ကြိုက်သူပီပီ.. ကျွန် တော့်ပုခုံးပေါ်မှီထားသော သူ့ခေါင်းဆံသားဆီမှ ခေါင်းလျှော်ရည်အနံ့က သင်းပျံ့နေသည်..။

The Reason Why I Break You Up [Completed]Où les histoires vivent. Découvrez maintenant