လူသံတွေနဲ့ ဆူညံနေပြီး တိုးလို့မပေါက်နိုင်သော လူ အုပ်ထဲ၌ အက္ခရာမောင်တစ်ယောက် ရပ်နေမိသည်..။
ထိုလူအုပ်က မျက်နှာမူရာရှေ့တည့်တည့်ကိုသာ တ ဖြည်းဖြည်းတိုးသွားကြသဖြင့် ကျွန်တော်လည်း အလိုက်အထိုက်နှင့် အရှေ့သို့ ပါလာခဲ့လေသည်..။
"သစ္စာဖောက်တဲ့သူတွေကို ဘယ်လိုနည်းနဲ့ တုန့်ပြန် မှာလဲဗျ..ကိုခန့်ရှင်းသူ..ဒါလေးတော့ ဖြေပေးပါဦး.. ကိုခန့်ရှင်းသူဗျ.."
ခန့်ရှင်းသူ..၊ ဒါ ခန့်နာမည်လေ..။
ကျွန်တော် ထိုစကားသံကို နားစွန်နားဖျားကြားလိုက် သဖြင့် ထိုစကားသံရှိရာသို့ လူများကို တွန်းဖယ်ကာ အသံကြားရာအရှေ့ဘက်သို့ တိုးဝင်လာတော့..။
တွေ့ပါပြီ..၊ ခန့်က ယောက်ျားတစ်ယောက်ရဲ့လက်ကို
ဆုပ်ကိုင်ထားပြီး မီးရောင်တဖျက်ဖျက်ရှေ့တွင် အင် တာဗျူး ဖြေနေသည်..။"သစ္စာဖောက်တဲ့သူတွေကို..သူ့တို့လိုတော့ မတုန့်ပြန် ချင်ပါဘူး..အရာရာကို နားလည်ခွင့်လွှတ်ပေးသ ယောင်နဲ့..ဆိုက်ကို သွင်းမှာ.."
ရုတ်တရက် ခန့်က အင်တာဗျူး ဖြေနေရာမှ ကျွန် တော်ရပ်နေသည့်ဘက်သို့ လှည့်ကြည့်လာကာ-
"ဪ..ဟိုမှာ ပြောရင်းဆိုရင်း လာပြီပဲ.."
ခန့်က လက်ညှိုးထိုးပြကာ ပြောလာတော့ ကျွန်တော့် ဘေးမှ လူများက တဖြည်းဖြည်းနဲ့ ဘေးသို့ ရှဲသွား သည်..။
ခန့်ကတော့ သူ့ဘေးရှိယောက်ျားသားကို နှုတ်ခမ်းဖျား ဆီသို့ အနမ်းတစ်ပွင့်ပေးလိုက်ပြီး-
"ခနလေးနော်..မတတ်သာလို့ပါ.."
လူသံတွေ ဆူညံနေသော်လည်း ကျွန်တော် ထိုအသံ ကိုတော့ ကောင်းကောင်းကြားလိုက်ရသည်..။
ထို့နောက် ခန့်က ကျွန်တော့်ဆီသို့ လျှောက်လာပြီး ခါး ကို သိုင်းဖက်လာကာ-
"မောင်..ဘာလို့အခုမှ လာတာလဲ.."
ခန့်က ကျွန်တော့်ကို အပြုံးတစ်ပွင့်နှင့် ကြိုသော် လည်း ကျွန်တော့်စိတ်ထဲတော့ သိပ်မသန့်ချေ..။
"သူက..ဘယ်သူလဲ.."
ကျွန်တော် ခုနက ယောက်ျားကို မေ့ငေါ့ပြကာ မေး လိုက်တော့ ခန့်က-
YOU ARE READING
The Reason Why I Break You Up [Completed]
RomanceStart date - April 13, 2022 End date - May 30 , 2022 ဇာတ်အကျဥ်း___ ၆ နှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ ချစ်သူနှစ်ဦး.. လမ်းခွဲဖြစ်ခဲ့ကြချိန်မှာတော့..အကြောင်းပြချက်မရှိဘဲ လမ်းခွဲခံခဲ့ရတဲ့ "အက္ခရာမောင်"... သူ့ရဲ့ချစ်လှစွာသောဆိုတဲ့ "ခန့်ရှင်းသူ" ဆိုတဲ့သူက သူ...