၂၅နှစ်ခန့် ကြာပြီးနောက်..
"ဟေ့ကောင် မောင်..ထစမ်း.."
နားထဲဝင်လာသော ခန့်အသံကြောင့် ကျွန်တော် မှေးခနဲ အိပ်ပျော်နေရာမှ နိုးလာခဲ့ရသည်..။
"ဪ..ခန့်..မင်းရောက်ပြီကိုး.."
"အင်း..ဒါနဲ့ မင်းက ဘာလို့ဒီမှာအိပ်နေတာလဲ.."
ခန့်၏ အမေးကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို ပြန် ကြည့်တော့ ကော်ဖီဆိုင်တစ်ခုအတွင်းရှိ ခုံတန်းမြင့် ရှည်ပေါ်တွင် ထိုင်နေကာ ဝတ္ထုစာအုပ် ခေါင်းခုရင်း အိပ်ပျော်နေခြင်းသာ ဖြစ်သည်..။
"အာ..မင်းကို စောင့်ရင်းနဲ့ စာဖတ်နေတာ..ပြီးတော့ အိပ်ငိုက်လို့ ခနမှေးလိုက်တာ..အခုလို ဖြစ်သွား တယ်.."
"မင်းကတော့လေ..ဒါနဲ့ အခုဖတ်တာကရော..ဘာစာ အုပ်လဲ.."
ခန့်က ကျွန်တော့်ကို မေးလာတော့ ကျွန်တော်က ဝတ္ထုစာအုပ်ကို ဆုပ်ကိုင်လိုက်ကာ-
"ကြာပါပြီ..လွန်ခဲ့တဲ့ အနှစ်၂၀ကျော်လောက်က တည်းက ထွက်ထားတာ..ဒါပေမဲ့လေ..သိလား.. ဒီစာအုပ်က ရောင်းရလွန်းလို့ အခုက ဒသမအကြိမ် မြောက်တောင် ဖြစ်နေပြီ.."
"တကယ်.."
ခန့်က စာဖတ်ဝါသနာပါသူတော့ မဟုတ်ပေမဲ့ ကျွန် တော် ဖတ်တဲ့စာအုပ်တွေကို ဘယ်လိုလဲ..၊ ဖတ်လို့ ကောင်းလား စသဖြင့် မေးတတ်ပြီး တစ်ခါတစ်လေ ဆိုရင် ကျွန်တော် recommend ပေးတဲ့ စာအုပ် ကိုပဲ ရွေးဖတ်လေ့ရှိသည်..။
"မင်းတောင် အဲ့လောက်ထိညွှန်းတာဆိုတော့..ဘာစာ အုပ်မို့လို့လဲ.."
"ဒီမှာလေ..စာရေးဆရာမ သျှင်မိုးရေးတဲ့ The Reason Why I Break You Up.. မင်း ကိုငါဘာကြောင့် လမ်းခွဲခဲ့တယ်ဆိုတဲ့အကြောင်းအ ရင်း..တဲ့..ဖြစ်ရပ်မှန်ကို ပြန်ရေးထားတာတဲ့..ဇာတ် လမ်းထဲက ဇာတ်ကောင်နာမည်ကလည်း..မောင်နဲ့ ခန့်တဲ့..မင်းနဲ့ငါ့ရဲ့ နာမည်တွေနဲ့ တူတယ်.."
"အင်း..အဆန်းပဲ..အေးပါ..ငါ နောက်အားရင် ဖတ် ကြည့်လိုက်မယ်.."
"အင်း.."
"အစ်ကိုရှင့်.."
အမျိုးသမီးတစ်ယောက်က ခန့်ကို အသံပေးကာ ခေါ် လာသဖြင့် ခန့်က ထိုအမျိုးသမီးဘက်ကို လှည့်ကြည့် လိုက်ကာ-
YOU ARE READING
The Reason Why I Break You Up [Completed]
RomanceStart date - April 13, 2022 End date - May 30 , 2022 ဇာတ်အကျဥ်း___ ၆ နှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ ချစ်သူနှစ်ဦး.. လမ်းခွဲဖြစ်ခဲ့ကြချိန်မှာတော့..အကြောင်းပြချက်မရှိဘဲ လမ်းခွဲခံခဲ့ရတဲ့ "အက္ခရာမောင်"... သူ့ရဲ့ချစ်လှစွာသောဆိုတဲ့ "ခန့်ရှင်းသူ" ဆိုတဲ့သူက သူ...