Episode 30 (Unicode)

2.6K 206 106
                                    

တီ တီ!

ဟာ့..

ကားဟွန်းတီးသံကြောင့် အက္ခရာမောင်တစ်ယောက် အိပ်မက်ကနေ နိုးလာခဲ့ရသည်..။

"ဟာ..အိပ်မက်ပဲ.."

ကျွန်တော်အခုက ခန့်ဆေးရုံမှ အိမ်ပြန်လာတဲ့လမ်း ပေါ်မှာသာ ရှိသေးသည်..။

ထပ်မက်ပြန်ပြီ..။ အခုနောက်ပိုင်း အိပ်မက်ဆိုးတွေက ပိုပိုမက်လာမိသည်..။ နားထဲမှာ ကြားယောင်တာ တွေ..၊ ခေါင်းကိုက်တာတွေ..၊ အခုလည်း အိပ်မက် ဆိုးတွေ..။ ဒါတွေက..ကျွန်တော့်စိတ်ကို ပိုပြီးတော့ ခြောက်ခြားစေသည်..။

အခုလည်း ကားမီးပွိုင့်စောင့်ရင်းနဲ့ မှေးခနဲ ပျော်သွာ ချိန်၌ မက်ခဲ့တာဖြစ်ပြီး မီးစိမ်းတော့ အနောက်က ကားများမှ ဟွန်းတီးသံကြောင့်သာ လန့်နိုးလာရ သည်..။

ကျွန်တော် အာခေါင်တွေပါ ခြောက်ကပ်နေသဖြင့် တံတွေးတစ်ချက်မြိုချလိုက်ကာ မောင်းလာခဲ့လိုက် သည်..။

>>>>>>>>>

၂ပတ်ကျော်ခန့် ကြာပြီးနောက်..

"မောင်လေး.. အက္ခရာမောင်ရဲ့ပုံစံက ပုံမှန်မဟုတ် တော့သလိုပဲ.."

ကျွန်တော် အခန်းတံခါးဖွင့်မည်အလုပ် အခန်းထဲမှ မသျှင်မိုး၏ စကားသံကြောင့် ကျွန်တော် လှမ်းလက် စ လက်ကို ရပ်တန့်လိုက်ပြီး နားထောင်နေလိုက် သည်..။

"ဘာကိုလဲ အစ်မရဲ့.."

"မသိပါဘူး..အစ်မစိတ်ထဲ ထူးဆန်းနေသလိုပဲ.. မောင်လေး သူ့ကို ဘယ်လိုနည်းနဲ့များ ပြန်တုန့်ပြန်နေ တာလဲ.."

"ကျွန်တော်က ဘာလုပ်လို့တုန်း..သူသစ္စာဖောက်ခဲ့လို့ သစ္စာဖောက်လို့ပဲ ခေါ်တာပါ..ကျန်တာက သူ့ဖာသာ ဖြစ်နေတာ..ကျွန်တော် ဘာမှမလုပ်ဘူး.."

ကျွန်တော်ကြားနေရသည့် ခန့်၏အသံကို အံ့သြစွာနှင့် နားထောင်နေမိခဲ့သည်..။

"ဒါပေမဲ့ တစ်ခုလေးပါပဲ..အဲဒါက..ဒီမှာရှိတဲ့ သူ သောက်မယ့်ရေထဲမှာ..စိတ်ကြွဆေးလေး နည်းနည်း ပဲ ထည့်ထားတာပါ.."

"ဘာ..စိတ်ကြွဆေး.."

"အင်း.."

"ဘယ်ကရတာလဲ.."

The Reason Why I Break You Up [Completed]Tahanan ng mga kuwento. Tumuklas ngayon