Episode 23 (Zawgyi)

400 42 2
                                    

အက္ခရာမောင်တစ်ယောက် ကြုံနေရသည့် ခန့်ပြဿ နာကြောင့် တည်းဖြတ်အခန်းထဲ၌ စိတ်ပျက်လက် ပျက်ဖြစ်ကာ ထိုင်ခုံပေါ်၌ အရုပ်ကြိုး ပြတ်သည့်အ တိုင်း ငြိမ်သက်စွာထိုင်နေမိလေသည်..။

ငါ ဘယ်လိုဖြေရှင်းပေးရမှာလဲ..။ ဘယ်လိုလုပ်ပေး ရင် ခန့်ပြဿနာတွေက ချုပ်ငြိမ်းသွားမှာလဲ..။

~Ring Ring~

Keyboard ဘေးတွင် ထားထားသော ဖုန်းက ဝင် လာသဖြင့် ကျွန်တော် လှမ်းယူလိုက်ပြီး ကြည့်လိုက် တော့ ဖုန်းခေါ်လာသူက ကိုတေးရသ..။

ကျွန်တော် ဖုန်းကိုင်လိုက်ရင်လည်း မေးလာမှာက အဲ့ ကိစ္စပဲ ဆိုတာ မေးစရာမလို တန်းသိသည်..။ သို့သော် ကျွန်တော် မကိုင်လို့လည်း မဖြစ်ဘူးလေ..။

"ဟယ်လို.."

"မင်း ခန့်ရှင်းသူကိစ္စကို ဘဟ်လိုဖြေရှင်းမှာလဲ.."

"အခုလည်း အဲ့ကိစ္စကိုစဉ်းစားနေတုန်းပါ.."

"ဒီကိစ္စကို မီးစမွှေးတဲ့သူက ဟိုမေသဝဏ်လွှာဆိုတဲ့ သူပဲ မဟုတ်လား.."

"ဗျာ..အစ်ကိုက..ဘယ် ဘယ်လိုသိတာလဲ.."

"ဇာတ်ကြောင်းကိုတော့ ပြန်မပြောချင်တော့ဘူး..အစ် ကို မင်းကို video တစ်ခုပို့ပေးလိုက်မယ်..မင်း လည်း မသိလောက်သေးဘူး ထင်လို့.."

"ဟုတ်ကဲ့..ပို့ပေးလိုက်ပါနော်.."

"အင်း အင်း.."

ကိုတေးရသက ဖုန်းပြန်ချသွားပြီးနောက် ခနကြာ တော့ video တစ်ခုက ဖုန်းထဲ noti ဝင်လာခဲ့ ပြီး ကျွန်နော်လည်း ခပ်မြန်မြန်ပင် ဝင်ကြည့်လိုက်သည်..။

CCTV မှတ်တမ်းတစ်ခု ထင်သည်..၊ ရိုက်ကူးထား တဲ့အချိန်က ခန့်ကိုမာဝင်လို့ အိပ်ရာထဲလဲနေတုန်းက ပဲ..၊ ပြီးတော့ ခန့်ဘေးမှာလည်း ကျွန်တော် ရှိနေ သည်..။ ခနကြာတော့ သဝဏ်ရောက်လာသည်..။ ပြီး တော့..ပြီးတော့..။

မြင်နေရသည့် video ထဲက မြင်ကွင်းကို ကျွန် တော် မယုံကြည်နိုင်စွာဖြင့် ကြည့်မိခဲ့သည်..။ ဒါ ကြောင့်ကိုး..အဲဒီနေ့က ကျွန်တော် ဆေးရုံပြန်ရောက် တော့ ခန့်ကဗြုန်းဆိုင်းကြီး အရေးပေါ် တင်ရတယ်ဆို ပြီး ကိုတေးရသဆီက ကြားပေမဲ့ ဘာကြောင့် ဖြစ် သွားတယ်ဆိုတာ မပြောပြခဲ့ချေ..။

The Reason Why I Break You Up [Completed]Where stories live. Discover now