ကမ္ဘာမြေကြီး မပေါ်ပေါက်ခင် စကြာဝဠာကြီး မတည်ရှိခင်ကတည်းက ဘုရားသခင်ဆိုတာ ရှိခဲ့တယ်။ အမြဲတမ်း တယောက်ထဲ တည်ရှိခဲ့တဲ့ ဘုရားသခင်က အထီးကျန်လို့ (မန်)ဆိုတဲ့ အလင်းစတွေနဲ့ နတ်ဘုရားတွေကို ဖန်ဆင်းခဲ့ပြီး သူ့ကို ဖူးမြှော် စေခဲ့တယ်။ ထို့နောက်မှာတော့ စကြာဝဠာနဲ့ ကြယ်တာရာတွေကို ဖန်ဆင်းခဲ့တယ်။
အခုခေတ်မှာတော့ ကြယ်တာရာတွေကို ဂြိုလ်ဆိုပြီး ခေါ်ဆိုလေ့ရှိကြတယ်။ အဲ့တာအမှန်ပါပဲ။ ကြယ်တာရာတွေထဲက တခုဖြစ်တဲ့ ကမ္ဘာဆိုတဲ့ဂြိုလ်ရဲ့ မြေကနေ (ဆာရမ်) လူသားတွေကို နောက်ဆုံးအနေနဲ့ ဖန်ဆင်းခဲ့တယ်။ လူသားတွေ ဖြစ်တည်လာပြီးတဲ့နောက် နတ်ဘုရားတွေဟာ သူ့တာဝန်အသီးသီးကို ယူကြရတော့သည်။
ဒါကြောင့် နတ်ဘုရားတွေဟာ လူသားတွေကို ကာကွယ်ဖို့ ဖြစ်တည်လာသလို ဖျက်စီးဖို့လဲ ဖြစ်တယ်။
ကမ္ဘာပေါ်မှာ လူသားတွေမဖြစ်တည်ခင်ကတည်းက နတ်ဘုရားတွေဟာ ရှိခဲ့ကြပါတယ်။ လူသားတွေ ဖြစ်တည်လာပြီးနောက်ပိုင်းမှာလည်း နတ်ဘုရားတွေဟာ လူသားတွေနဲ့အတူရောထွေးနေထိုင်ခဲ့ကြပါတယ်။ ကျွန်မတို့နေ့စဥ်တွေ့ကြုံနေရတဲ့ သန်းပေါင်းများစွာသောလူတွေထဲမှာ လူသားမဟုတ်တဲ့ အခြားသောအရာများလဲ များစွာရှိနေပါတယ်။
2013, November 11
နှင်းတွေတဖွေးဖွေးကျနေခဲ့တဲ့ ညတစ်ညပေါ့။ ဆိုးလ်လမ်းမပေါ်တွေမှာလည်း နှင်းတွေနဲ့ ပြည့်နက်နေခဲ့ပြီး နှင်းတွကြောင့် ကားလမ်းတွေချော်နေတာကြောင့် ကားတွေလည်းကြပ်နေခဲ့တယ်။
လူပြတ်တဲ့ တောလမ်းလေးတခုမှာတော့ မိသားစုကားတစ်စီးဟာ နှင်းချော်မှုကြောင့် အက်ဆီးဒင့်ဖြစ်ခဲ့သည်။ ကားရှေ့ခန်းမှာတော့ အမေရယ် အဖေရယ်နဲ့ ကားနောက်ခန်းမှာတော့ ၈နှစ်အရွယ်ကောင်မလေးတစ်ယောက် ကားထဲ၌ရှိနေခဲ့သည်။
"ကယ်ပေးပါ...ကျေးဇူးပြုပြီး တစ်ယောက်လောက် ကျမရဲ့ခေါ် သံကိုကြားရင် ကယ်ပေးပါ...ကျေးဇူးပြုပြီး......"
"သင်တို့အနားမှာရှိနေတဲ့ နတ်ဘုရားတိုင်းက ကောင်းတဲ့နတ်ဘုရားတွေဖြစ်ချင်မှဖြစ်မယ်။ သင်အခက်အခဲ ကြုံလာခဲ့ရင်တော့ သင့်နှလုံးသားထဲကနေ ယုံယုံကြည်ကြည်နဲ့ တောင်းဆုပြုလိုက်ပါ။ ဘယ်သူပြောနိုင်မှာလဲ။ နူးညံ့တဲ့ နှလုံးသားပိုင်တဲ့နတ်ဘုရားတစ်ပါး ကြားသွားခဲ့ရင်တော့ သူမင်းကို ကူညီပါလိမ့်မယ်"
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)