နောက်နေ့မနက်မှာတော့ သူမဘာကိုမှမစဥ်းစားချင်။ မနေ့ညက ကိစ္စနဲ့ပတ်သက်ပြီး အိပ်မက်ထဲထိပါလာတာကြောင့် သူမနိုးနိုးချင်း ခေါင်းကိုက်နေခဲ့သည်။
ဆိုယူးလ်:အား..ကျစ် ကျစ် ကျောင်းမသွားခင် ဆေးတလုံးလောက်တော့ သောက်သွားမှဘဲ။
သူမ အိပ်ရာမှ မြန်မြန်ထလိုက်ကာ မျက်နှာသစ်ရေမိုးချိုးသန့်စင်လိုက်သည်။ ပြီးနောက် ထုံးစံအတိုင်း အိမ်အလုပ်များကို လုပ်လိုက်ပြီး သူ့အတွက်နေ့လည်စာ ထမင်းဘူးပြင်ဆင်လိုက်သည်။ ဟင်းချက်စရာ ထွေထွေထူးထူးမရှိတာကြောင့် အသီးအနှံများနှင့် ရေဘဝဲခြောက်သားတို့ဖြင့်ပြုလုပ်ထားသော ထမင်းလိပ်ကိုသာ နေ့လည်စာအဖြစ်ထည့်သွားရသည်။ ထိုချိန် အိပ်ချင်မူးတူးဖြင့် နေဖင်ထိုးမှ ထလာသော အဒေါ်သမီးတစ်ယောက်။ နိုးနိုးချင်းဘာအလုပ်မှမလုပ်ဘဲဆိုယူးလ် ပြင်ဆင်ထားသော မနက်စာစားပွဲရှေ့တွင် ဝင်ထိုင်လိုက်သည်။
အဒေါ်သမီး:ဝှား... ရား ဂင်ဆိုယူးလ် မနက်စာဘာရှိလဲ?
ဆိုယူးလ်:နွားနို့နဲ့ အသားညှပ်ပေါင်မုန့် လုပ်ပေးထားပါတယ်။
ရှေ့မှာချထားသော ပေါင်မုန့်ကိုတချက်ကိုက်လိုက်ပြီး နွားနို့ကိုတဂွတ်မော့လိုက်သည်။
အဒေါ်သမီး:အမေပြန်မလာသေးဘူးလား?
ဆိုယူးလ်:ရဲ့...ပြန်မရောက်သေးပါဘူး။
ထိုချိန် အိမ်ရှေ့တံခါးမှ မူးရူးဝင်လာသော အဒေါ်ဖြစ်သူကိုတွေ့တော့ အမြန်ပဲသူမကို သွားတွဲလိုက်ရသည်။
အဒေါ်:ရား ငါပြန်ရောက်ပီ....ဟင် ဂင်ဆိုယူးလ် နင်ကဘာလို့အိမ်ထဲ ပြန်ရောက်နေတာလဲ။ ဘယ်မလဲ ပိုက်ဆံ။ ညည်းကိုပိုက်ဆံမပါရင် အိမ်ထဲ မဝင်ဖို့ ပြောထားတယ်လေ။
ဆိုယူးလ်:ရှိပါတယ် ပိုက်ဆံ။ အခုတော့ အိမ်ထဲအရင်ဝင်လိုက်ပါအုံး။
သူမ အဒေါ်ဖြစ်သူကိုတွဲကာ အိမ်ထဲမှဆိုဖာပေါ်သို့ထားပေးလိုက်သည်။ အမေဖြစ်သူမူးရူးလာတာတောင် အစားမပျက်သူက သမီးဖြစ်သူပင်။ ဆိုယူးလ်ပြင်ဆင်ထားသော မနက်စာကို ဇိမ်ပြေနပြေ ထိုင်စားနေလိုက်ပြီး အမေဖြစ်သူကိုတော့တချက်မှမကြည့်။ ဆိုယူးလ်တစ်ယောက် အဒေါ်ဖြစ်သူ အမောပြေသောက်နိုင်ရန် ရေတခွက်ကို ယူလာသော်လည်း လက်ဖြင့်ပုတ်ချလိုက်သော အဒေါ်ဖြစ်သူကြောင့် ရေခွက်မှောက်သွားတော့သည်။
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)