"10နှစ်ခန့်ကြာပြီးနောက်"
2023, July 20,
မနက်ကျောင်းရှိသည်မို့ 5:00a.m alarmပေးထားသော အထက်တန်း ကျောင်းသူတစ်ယောက် နိုးနေလေပြီ။ နိုးနိုးချင်း မထချင်သေးသော်လည်း ကျောင်းမသွားခင် အဒေါ်ရဲ့မိသားစုအတွက် မနက်စာပြင်ပေးရမည်။ အဝတ်လျှော်ရမည်။ အိမ်သန့်ရှင်းရေးလုပ်ရမည် စသဖြင့် သူမလုပ်ရမဲ့ အလုပ်တွေများတာကြောင့် မြန်မြန်ပဲထလိုက်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ ရေမိုးချိုးမျက်နှာသစ်ပြီးနောက် ထမင်းအိုးတည်ကာ အိမ်သန့်ရှင်းရေးစတင်လုပ်သည်။ နေအိမ်တွင် အဒေါ်ရယ် အဒေါ်ဖြစ်သူရဲ့သမီးရယ်နဲ့ သူမရယ်သာ နေသော်လည်း လျှော်ရမဲ့အဝတ်တွေကများလှသည်။ သို့သော်လည်း အကုန်လုံးကိုယူပြီးအဝတ်လျှော်စက်ထဲထည့်ကာ သူမပြင်ဆင်ထားတဲ့ ပေါင်မုန့်နဲ့နွားနို့ကိုမနက်စာအဖြစ်စားလိုက်သည်။ အဒေါ်ဖြစ်သူရဲ့သမီးက ကောလိပ်ကျောင်းသူတစ်ယောက်ပါ။ ဒါမဲ့လဲ အိမ်အလုပ်တွေကို ထိုကျောင်းသူကသာ သိမ်းကြုံးလုပ်ရသည်။
အဝတ်လျှော်စက်ရဲ့အချက်ပေးသံကြောင့် သူမအဝတ်လျှော်စက်ကိုပိတ်ကာ နောက်ဖေးမှာ အဝတ်လှမ်းဖို့ အထွက် အပြင်မှာမိုးတွေရွာနေတာကို တွေ့လိုက်ရသည်။ ဒီတလောမိုးတအားရွာတာပဲ။ ထီးတစ်လက်ပဲရှိတဲ့ သူမတို့အိမ်အတွက်တော့ မိုးရွာတဲ့နေ့တွေက တကယ်ကိုဆိုးရွားလွန်းသည်။ သူမအဝတ်တွေကို ဝရံတာမှာ လှမ်းခဲ့ရင်း နာရီကြည့်လိုက်တော့ ၇နာရီခွဲနေလေပြီ။ အဒေါ်ဖြစ်သူကလဲ မထသေးတာမို့ သူမအလုပ်တွေပြီးစီးသည်နှင့် ကျောင်းသွားဖို့ပြင်ဆင်ကာ အမိုးအဖြစ် သူမရဲ့ခေါင်းစွပ်အနွေးထည်လေးကိုဝတ်ကာ အမြန်ပဲကျောင်းကိုစက်ဘီးဖြင့်ထွက်ခဲ့တော့သည်။ သူမအိမ်မှာဆက်နေရင် သူမအဒေါ်နဲ့သမီးဖြစ်သူတို့က တမျိုးမဟုတ်တမျိုးရှာကြံစွာ ပြဿနာရှာခံရမည်ဆိုတာကို သူမသိသည်။
သူမ မိုးရွာနေသဖြင့် မီးပွိုင့်မမိရန် လမ်းကြိုလမ်းကြားများမှ ကွေ့ဝိုက်သွားသော်လည်း ကျောင်းနားအရောက် လမ်းပိတ်နေသောကြောင့် သူမခေါင်းတစ်ခုလုံး မိုးရေတွေဖြင့်စိုနစ်ခဲ့ရလေတော့သည်။ ကျောင်းအရောက်
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)