"ကဲ ဒီလပတ်ရဲ့အမှတ်အများဆုံးကိုကြေညာမယ်!
ဘယ်သူလို့ထင်လဲ ကလေးတို့ရေ.."Reportကတ်အုပ်ကြီးကို ကိုင်ကာ အတန်းတွင်းဝင်လာသောဆရာမက ပြုံး၍ ကျောင်းသူကျောင်းသားတွေကိုမေးလိုက်သည်။
"သေချာပေါက် ဂင်ဆိုယူးလ်ဘဲပေါ့..သူဘဲ အမြဲပထမရနေကြလေ..လောင်းမလား?.."
ဆရာမရဲ့အမေးအပြီးတွင် တစ်ယောက်တစ်ပေါက်ထွက်လာသော ကျောင်းသူကျောင်းသားတွေရဲ့အသံတွေ။ တချို့ကလည်း ဆိုယူးလ်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ကာ ပြောနေကြသည်။ ဆိုယူးလ်ကတော့ ရင်ခုန်ခုန်နှင့် မျှော်လင့်နေမိပြန်သည်။ ထိုချိန် ထွက်ပေါ်လာသော ဆရာမရဲ့ကြေညာချက်
"ဂင် ဆို ယူးလ် ချွတ်ခါးဟယ်...ဒီတခါလဲ ပထမပါဘဲ..လက်ခုပ်တီးပေးလိုက်ပါအုံး"
ဆရာမရဲ့ကြေညာချက်ပြီးနောက် ထွက်လာသော လက်ခုပ်သံများ။ သူမအခုမှစိတ်အေးနိုင်တော့သည်။ သူမ ဆရာမဆီလျှောက်သွားလိုက်ပြီး reportကတ်ကို ယူလိုက်သည်။
"ငါတို့ကျောင်းက ဆိုးလ်တက္ကသိုလ်ဝင်မဲ့ ကျောင်းသူတစ်ဦးတော့ပေါ်လာပြီဘဲ။ ဘယ်လိုလဲ? ဥပဒေဘက်ကိုသွားမှာမလား"
ဆိုယူးလ်:ရဲ့..ဥပဒေကို သွားချင်ပေမဲ့ ကြိုးစားရအုံးမယ်ထင်ပါတယ်...ကျေးဇူးပါ ဆရာမ...
သူမreportကတ်ကိုယူကာ နေရာမှာပြန်ထိုင်လိုက်သည်။
မယ်ရီ:ရား မိုက်လိုက်တာ။ နင်ကအပတ်တိုင်း ပထမဘဲ။ နင့်မိဘတွေတော့ နင့်အတွက်ဂုဏ်ယူနေကြတော့မှာဘဲ...
မယ်ရီက ပြုံး၍ပြောလိုက်သော ဆိုယူးလ်ကတော့ မျက်နှာပျက်သွားခဲ့သည်။
မယ်ရီ:ဘာဖြစ်လို့လဲဟင်?..ငါတခုခုမှားပြောမိလို့လား?
ဆိုယူးလ်:အာညီးရာ..တကယ်တော့ ငါ့မှာမိဘတွေမရှိတော့ဘူး မယ်ရီ...
မယ်ရီဒါကိုကြားတော့ လုံးဝကိုအံဩသွားကာ မျက်နှာပူသွားတော့သည်။
မယ်ရီ:မီရမ်နဲ..ငါကအဲ့တာကိုမသိလို့ ပြောလိုက်မိတာပါ။
ဆိုယူးလ်:အာညီးရာ ဂွီင်ချာနာ ငါ့အတွက် ဂုဏ်ပြုပေးမဲ့မိဘတွေမရှိတော့ပေမဲ့ အခုတော့ ဂုဏ်ပြုပေးမဲ့သူပေါ်လာပြီနဲ့တူတယ်..
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)