တစ်ခါမှမကြားဖူးတဲ့ တံခါးဘဲလ်က မြည်လာသဖြင့် ဆော့ဂျင်တစ်ယောက် တံခါးသွားဖွင့်လိုက်သည်။ ထိုချိန် အထုတ်အပိုးတွေနဲ့ Gucci brandတွေကို ဝတ်ထားတဲ့ အသက်ငယ်ငယ်အမျိုးသား။ ထိုအမျိုးသားက သူ့ကိုတွေ့တော့ ပြုံးကာ လက်ဝှေ့ရမ်းနှုတ်ဆက်လိုက်သည်။
ထယ်ယောင်း:အာညော် နတ်ဆိုး...ငါက ဂူမီဟို ဂင်ထယ်ယောင်း!..မင်းနဲ့ဒီအိမ်မှာ အတူနေဖို့ရောက်လာတာ..
ဆော့ဂျင်:ဘာ! ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ? ဒါက အများသုံးအိမ်မဟုတ်ဘူး..ငါတစ်ယောက်ထဲနေဖို့ မိုးကောင်ကင်နတ်မင်းကပေးထားတဲ့အိမ်ဘဲ....ဒါကြောင့်ပြန်လိုက်ပါတော့..
ဆော့ဂျင်က တံခါးကိုပြန်ဆွဲပိတ်သဖြင့် ထယ်ယောင်းက အလျင်အမြန်တားလိုက်သည်။
ထယ်ယောင်း:ခ..ခဏနေပါအုံး! ဒီအိမ်မှာနေဖို့ဆိုပြီး ငါ့ကိုလည်း မိုးကောင်ကင်နတ်မင်းက ပို့လိုက်တာဘဲ။ ဒီမှာ စာရွက်စာတမ်းတောင်ပါတယ်..
လေထဲကို လက်ညိုးလေးထိုးလိုက်ရုံနှင့် ပေါ်လာသော ပေလိပ်လေး။ ဆော့ဂျင် စိတ်ပျက်ပျက်နဲ့ယူဖတ်လိုက်တော့ ထယ်ယောင်းပြောတာမှန်နေသည်။
ဆော့ဂျင်:ကျစ်..ဒီအဖိုးကြီးကတော့...
ထယ်ယောင်း:ဒါဆို ခွင့်ပြုပါအုံး...
ထယ်ယောင်းတစ်ယောက် သူ့အိတ်တွေကိုသယ်ကာ ဆော့ဂျင်ဘေးမှ အတင်းတွန်းဝင်သွားတော့သည်။ ဆော့ဂျင်ကတော့ စိတ်တိုတိုနှင့်သာ တံခါးပိတ်ပြီးလိုက်လာရတော့သည်။
ထယ်ယောင်း:ကြည့်ပါအုံး! အိမ်ကြီးက သားနားလိုက်တာ..အခန်းတွေလည်း အများကြီးရှိမှာဘဲ။ ဒါနဲ့ငါဘယ်အခန်းသုံးလို့ရမလဲဟင်? ဟိုအခန်း..သုံးလို့ရလား?
ဒုတိယထပ်မှမြင်နေရသော အခန်းတံခန်းကိုလက်ညိုးထိုးကာမေးလိုက်သော်လည်း ဆော့ဂျင်က လက်ပိုက်၍
ဆော့ဂျင်:မရဘူး အဲ့တာ ငါ့စာဖတ်ခန်း..
ထယ်ယောင်း:အာ..အဲ့လိုလား? ဒါဆိုဟိုအခန်းရော..
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)