The Saving

264 26 5
                                    

အလက်ဇာ:အရှင်....အရှင်....ဟာ ဒုက္ခပါပဲ။ ဒီကလေးကတော့ လူ့ပြည်ကိုထပ်ဆင်းသွားပြန်ပြီနဲ့တူတယ်။

ကြယ်တာရာနတ်ဘုရားတို့ရဲ့အမွေဆက်ခံသူဖြစ်တဲ့ အသက်၁၈နှစ်အရွယ် ကောင်လေးက မရင့်ကျက်တဲ့သူတစ်​ယောက်ပါ။ သူဟာနတ်ဘုရားတစ်ပါးဖြစ်ပေမဲ့လည်းပေါ့။ သူ့ကိုကြည့်ရှုစောင့်ရှောက်ရတဲ့ အလက်ဇာဆိုတဲ့နတ်ဘုရားမကတော့ တစ်နေ့တစ်နေ့ ထိုကောင်လေးအား လိုက်ထိန်းနေရတာနဲ့ပင် မအားလပ်နိုင်ချေ။

"အလက်ဇာတစ်ယောက် ဘာဖြစ်ပြန်ပြီလဲ မသိဘူး။ ...ကြည့်ရတာ jinထပ်ပျောက်သွားပြန်ပြီနဲ့တူတယ်။ ဟော...ဒီကလေးကတော့လေ ဘယ်နေ့မှရင့်ကျက်နိုင်မှာလဲမသိပါဘူးဟာ "

သူမဟိုဟိုဒီဒီလိုက်ရှာနေတာကိုမြင်တဲ့ နတ်ဘုရားတချို့က သူမကိုကြည့်ရင်း ပြောနေကြသည်။ သို့သော်လည်း ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အမွေဆက်ခံသူလေးက သူအသက်၁၆ပြည့်ပြီး သူ့အဖိုးက လူ့ပြည်ကိုဆင်းလို့ရတဲ့ မှော်အစွမ်းပေးပြီးကတည်းက ခဏခဏပျောက်လေ့ရှိပါတယ်။ ပျောက်တိုင်းလဲ အဖိုးဖြစ်သူကဘဲ ပြန်ခေါ်ရတော့သည်။

အလက်ဇာ:အရှင်...တင်ပြရတာစိုးရွံမိပေမဲ့...သခင်လေးjinထပ်ပျောက်သွားပြန်ပါပြီ။

"ဒဲ့....ဒီကလေးကတော့လေ...လူ့ပြည်ကိုထပ်ဆင်းသွားတာနဲ့တူတယ်။"

မိုးကောင်းကင်နတ်မင်း:ဟဟ ငါ့​မြေးလေးတောင်အရွယ်ရောက်လာပြီဘဲ။ ကဲကဲ ငါပြန်ခေါ်လိုက်မှာမို့ စိတ်မပူကြပါနဲ့။

တစ်ဖက်တွင်တော့

သေမင်း:သခင်လေးဒီလိုမျိုး လူ့ပြည်ကိုခဏခဏ ဆင်းလာတာမကောင်းပါဘူး။

ဆော့ဂျင်:အာရာယို...ဒါမဲ့လေ ကျတော် ဒီမှာနေပြီး လူ့လောကအ​ကြောင်းလေ့လာရတာပျော်တယ်။ လူတွေက သိပ်ကိုထူးဆန်းတယ်။ ကျတော်တို့နတ်ဘုရားတွေလိုမဟုတ်ဘူး။ သူတို့မှာကောင်းတဲ့စိတ်ရော မကောင်းတဲ့စိတ်ရော နှစ်ခုလုံး ရှိနေတယ်။ သူတို့က ကျတော်တို့ထက် ပိုစွမ်းလို့များလားဟင်!

သေမင်း:အဲ့တာတော့ ကျတော်လည်းမပြောတတ်ပါဘူး။ ကျတော်တို့နတ်ဘုရားတွေအားလုံး​က လူသားတွေကိုအမှီပြုပြိး ဖြစ်တည်လာတာကတော့အမှန်ပါဘဲ။

Star god (Demon)Where stories live. Discover now