ရင့်နစ်စွာခံစားရသော်လည်း သူမကိုသူမတောင်အစကတည်းက ပင်ပန်းနေပြီသားမဟုတ်လား။ ဒါကြောင့် လွယ်လွယ်ပဲမခံစားဖို့ ဆုံးဖြတ်ကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ဧည့်ခန်းထဲ၌ TVကြည့်နေကြသော အဒေါ်တို့သားမိနှစ်ယောက်။
ဆိုယူးလ်:ပြန်ရောက်ပါပြီ။
အဒေါ်:ပြန်ရောက်ပြီပေါ့။ မနေ့ညက ဘာလို့အိမ်ပြန်နောက်ကျတာလဲ။ အသက်ကလေး ၁၈ပြည့်ပြီဆိုပြီး လွတ်လပ်ချင်နေတာလား။ ဗိုက်တလုံးနဲ့ပြန်လာနေရမှဟုတ်နေမယ်။
အကြောင်းအရင်းကိုမသိဘဲ စွပ်စွဲပြောဆိုနေသော အဒေါ်ဖြစ်သူရဲ့စကားများက ခါးသီလှသည်။
ဆိုယူးလ်:ဒေါ်လေး ဘာလို့အဲ့လိုယုတ်ညံတဲ့စကားကိုပြောရတာလဲ။ မနေ့ညက အိမ်ပြန်နောက်ကျတာက အချိန်ပိုဆင်းနေရလို့ပါ။
အဒေါ်သမီး:ဟ နင်ကလိမ်အူံးမယ်ပေါ့။ နင်ကျောင်းမှာ အီဂျွန်မင်ဆိုတဲ့အကောင်နဲ့တွဲနေတာအကုန်သိပြီးပြီ။ ဒါကိုဘယ်လောက်ထိလိမ်ချင်သေးတာလဲ။ မနေ့ညကလဲအဲ့ကောင်နဲ့ လျှောက်သွားနေတာနေမှာပေါ့။ လူလိမ်မရဲ့။
သူမထိုသို့ပြောကာ ယူးလ်ရဲ့ခေါင်းအား လက်နဲ့ဆောင့်တွန်းလိုက်သည်။
အဒေါ်:တော်တော့။ သွား...ပိုက်ဆံသွားထုတ်ချေ။ ဟန်ချယ်လင်း ပိုက်ဆံလွှဲလိုက်ပြီ။ မြန်မြန်သွား မြန်မြန်ပြန်ခဲ့။
ဒီနေ့သူမစိတ်က အရင်ထက်ပိုပြီး သည်းခံနိုင်စွမ်းကင်းမဲ့နေခဲ့သည်။ သူမရဲ့နူးညံတဲ့စိတ်တွေနေရာမှာ ဒေါသတွေသာပြည့်နှက်နေပြီး ကြောက်စိတ်တွေကိုမသိတော့တဲ့အထိ။
ဆိုယူးလ်:ဟ ဘာလို့သွားထုတ်ရမှာလဲ။ ဒေါ်လေးချယ် ပေးသမျှပိုက်ဆံတွေလည်း ကျမသုံးရတာမှမဟုတ်တာ။ အဒေါ်တို့ဘဲအကုန်ယူသွားကြတာလေ။ အဒေါ်တို့သွားထုတ်ကြပါလား။
အဒေါ်:ဘာ! နင်ကကျွေးတဲ့လက် ပြန်ကိုက်တတ်နေပြီပေါ့လေ။ သွား..ထွက်သွား ပိုက်ဆံမပါရင် အိမ်ထဲပြန်ဝင်မလာခဲ့နဲ့။
ထိုသို့ပြောကာ ဆိုယူးလ်အား လက်မောင်းမှဆွဲ၍ အိမ်အပြင်သို့ဆွဲထုတ်လိုက်သည်။ သူမလဲ ဒေါသထွက်တာကြောင့် ပါလာတဲ့သူမလွယ်အိတ်ကို ကိုင်ကာ ခြေဦးတည့်ရာအား လျှောက်လာတော့သည်။ တလမ်းလုံးလဲ သူမငိုယိုနေခဲ့ပြီး သူမဘဝကိုတကယ်စိတ်ကုန်နေပြီ။ သူမဟန်မြစ်တံတားပေါ်သွားခဲ့ပြီး သူမရဲ့စိတ်တွေအကုန်ဖြေချပစ်ဖို့ဆုံးဖြတ်ခဲ့သည်။
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)