ဆော့ဂျင်တစ်ယောက် ဘာမပြောညာမပြောနှင့် စားပွဲမှထသွားသဖြင့် ထယ်ယောင်းခမျာ ကြောင်တောင်တောင်လေးကျန်ခဲ့၏။ မကြာမီ အခန်းတွင်းမှ ပြန်ထွက်လာပြီး ကုတ်အကျီရှည်ကိုယူကာ အပြင်ကိုပြန်ထွက်သွားပြန်သဖြင့် ထယ်ယောင်းတစ်ယောက် ဘာမှမပြောလိုက်နိုင်ပြန်။
ထယ်ယောင်း:အွန်း..ဒီနတ်ဆိုးက ပေါ့သေးသေးတော့မဟုတ်ဘူး...သူမရှိတုန်း ငါသိချင်တာလေးတွေ ဒါမှမဟုတ် တန်ဖိုးရှိတာလေးတွေ တခုခုရှာကြည့်အုံးမှ။
ဒီလိုကြံစည်ကာ ဆော့ဂျင်မရှိတုန်း ဆော့ဂျင်အခန်းတွင်းသို့ဝင်သွား၏။ သူမြင်လိုက်ရတာက မထင်မှတ်ထားလောက်အောင် သပ်ရပ်နေတဲ့အခန်း။
ထယ်ယောင်း:ဝါး..ဒယ်ပါ့ သပ်ရပ်နေတာဘဲ..
သူခဏလောက်ဟိုဖွင့်ကြည့် ဒီဖွင့်ကြည့်လုပ်နေရာမှ အခန်းထောင့်က ပန်းအိုးတင်ထားတဲ့ ဘီရိုလေးပေါ်ရှိ တလက်လက်တောက်နေသောအရာလေး။
ထယ်ယောင်း:တွေ့ပြီ! ငါရှာနေတဲ့တန်ဖိုးရှိတဲ့အရာလေး..
ထိုအရာကတော့ ဆော့ဂျင်ရဲ့ personalသုံးBlack Cardပင်။ ထယ်ယောင်းတစ်ယောက် ထိုကတ်ကိုမြန်မြန်ယူလိုက်ကာ မကြာသေးခင်ကဝယ်ထားတဲ့ Gucciကုတ်အကျီကိုယူကာ သူရဲ့ပြိုင်ကားနဲ့သူသွားနေကျ Brand Mallတစ်ခုဆီသို့ သွားလိုက်သည်။ ထိုMallထဲကို သူဝင်လိုက်ခြင်း ဝန်ထမ်းအားလုံးက အရေးကြီးဧည့်သည်လိုမျိုး ကြိုဆိုကြသည်။ တကယ်တော့ ထယ်ယောင်းက ထို Mallရဲ့ VVIP memberတစ်ဦးဖြစ်၏။
ထယ်ယောင်း:Gucciတွေ အသစ်ဝင်တယ်လို့ကြားတယ်။ အဲ့တာအကုန် ငါ့ကိုပြပါ။
"ဟုတ်ကဲ့ သူဌေးလေး"
ဝန်ထမ်းတွေက ရောက်သမျှ Gucciအသုံးအဆောင်တွေကို ထယ်ယောင်းဆီယူလာကာ တစ်ခုပြီးတစ်ခု ပြကြသည်။ ထို့နောက်..
ထယ်ယောင်း:ဘယ်လိုလုပ်ရပါ့!..အကုန်ငါ့အကြိုက်တွေဘဲ..မန်နေဂျာကြီး အကုန်ထည့်လိုက်ပါ..ပြီးတော့ဒီမှာ ကတ်..
ဆော့ဂျင်ရဲ့ကတ်ကိုဝံ့ဝံ့ကြွားကြွားထောင်ပြကာ မန်နေဂျာကြီးလက်ထဲထည့်လိုက်သည်။ ထိုအဖြစ်အပျက်ကိုဘေးကဝိုင်းကြည့်နေတဲ့ သူဌေးသမီးလေးတွေကလည်း ထယ်ယောင်းပေါ် အသေအကျေကို ကြွေနေကြတော့သည်။ ဒါကိုရိပ်မိတဲ့ ထယ်ယောင်းက ထိုကောင်မလေးတွေဘက်လှည့်ကာ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သဖြင့် ကောင်မလေးတွေလည်း အကောင်ကိုက်သလိုကို ထအော်ကြလေတော့သည်။ ဒါကိုကြည့်ရင်း ထယ်ယောင်းကတော့ ပြုံးပြုံးကြီးနဲ့ထွက်သွားတော့သည်။ ဒါမဲ့...
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)