ဆိုယူးလ်တစ်ယောက် ကျောင်းဆင်းတော့ အိမ်တန်းမပြန်ဘဲ သူတို့အိမ်ရှေ့လမ်းနားမှ တံတိုင်းကြီးတစ်ခုနားတွင်ရပ်ကာ ဖုန်းကိုထုတ်ကြည့်လိုက်သည်။
ဆိုယူးလ်:၆နာရီခွဲ..စောသေးသားဘဲ။ ဒါနဲ့ဟုတ်သား! အာဂျူးရှီ...အာ..ဒုက္ခပါဘဲ...ငါနေ့လည်ကဘာလို့သူ့ကိုအော်လွှတ်မိပါလိမ့်...ဧကန ပြန်မပေါ်လာတော့မှာများလား? ဒီလိုနဲ့ ငါ့ဆီကံဆိုးခြင်းတွေထပ်ရောက်လာရင် ဘယ်လိုလုပ်မလဲ? ငါကတော့လေ...ဂင်ဆိုယူးလ် နင်အရူးမဘဲ သိလား?
သူမစိတ်ပျက်လက်ပျက်နဲ့ညီးနေလိုက်သည်။ ထို့နောက် သူမ မျက်လုံးတွေကိုမှိတ်ကာ ဆော့ဂျင်ကိုတမ်းတလိုက်သည်။
ဆိုယူးလ်pov;
အာဂျူးရှီ...အာဂျူးရှီ..ကျွန်မခေါ်နေတာကြားရလားဟင်?သူမဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမမျက်စိရှေ့တွင် မျက်နှာသေအနေအထားနှင့် ရပ်နေသော ဂင်ဆော့ဂျင်။
ဆိုယူးလ်:အို..ရောက်လာတာဘဲ..ဟူး တော်ပါသေးရဲ့။
ဆော့ဂျင်:အခုကရော ဘာလဲ? ဘာလို့ငါ့ကိုခေါ်ပြန်တာလဲ? အကြောင်းမရှိဘဲခေါ်ရင် မင်းငါနဲ့တွေ့မယ်လို့ ပြောခဲ့တယ်မလား?
ဆိုယူးလ်:အကြောင်းရှိပါတယ်?..အဲ့တာက..ဟို..နေ့လည်က အော်မိတဲ့ကိစ္စကြောင့်ပါ...
သူမက မျက်နှာငယ်လေးနဲ့ ပြောလာသည်။ သို့သော် ဂင်ဆော့ဂျင်ခမျာတော့ ၁၈နှစ်အရွယ် ကျောင်းသူလေးဆီကနေ အော်ခံရတဲ့အဖြစ်မှန်ကိုလက်မခံနိုင်သဖြင့်
ဆော့ဂျင်:အော်တယ်? ဘယ်တုန်းကလဲ? အွန်း ငါ သိတောင်မသိလိုက်ဘူးဘဲ...
ဆိုယူးလ်:ဘယ်လိုပဲဖြစ်ဖြစ်တောင်းပန်ပါတယ်...ကျွန်မက ကျွန်မကိုအကူအညီပေးနေတဲ့သူကိုရိုင်းပျမိခဲ့တာလေ...တကယ် ချွဲဆောဟယ်ယို...
ထိုကောင်မလေးက သူ့ကို၉၀ဒီဂရီဦးညွှတ်ကာ တောင်းပန်လာတော့ ဆော့ဂျင်စိတ်လျှော့လိုက်ရသည်။
ဆော့ဂျင်:အေး ကိုယ့်အပြစ်ကိုယ်သိတော့ကောင်းတာပေါ့ ဒီတခေါက်ဘဲနော်။ နောက်တစ်ခေါက်ဆို မင်းကိုတကယ်အလွတ်မပေးတော့ဘူး။ ကြားလား!...
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)