အနက်ရောင်ကုတ်အကျီ အနက်ရောင်pantနဲ့အတူ တကိုယ်လုံး အနက်ရောင်ဖုံးအုပ်ထားသောအမျိုးသားတစ်ယောက်။ နှင်းလိုဖြူဖွေးတဲ့အသားအရေနဲ့ နှင်းဆီပွင့်ချပ်လိုရဲနေသော နှုတ်ခမ်း။ အသားအရောင်က ဖြူဖတ်ဖြူရော်ဖြစ်နေသော်လည်း ရဲနေသောနှုတ်ခမ်းကြောင့် ကြည့်လို့ကောင်းသည်။ ဆံပင်ကိုအပေါ်သို့ပင့်တင်ထားသော်လည်း နဖူးပေါ်သို့ တစ်စတစ်စကျနေသော ဆံပင်တွေကြောင့် ဆွဲဆောင်မှုရှိသည်။ အကုန်လုံးချုံပြောရမယ်ဆိုရင် အရပ်အမောင်း ရုပ်ရည်ရူပကာတို့က အတော်ကိုကြည့်ကောင်းလွန်းသောလူဖြစ်သည်။
ဝတ်ထားသောအဝတ်အစားများကbrandတွေချည်းဖြစ်ပြီး စီးထားသောဖိနပ်ကအစဝမ်သန်းချီတန်သည်။.ချောမောလွန်းတဲ့လူတွေကြားမှာတောင် ထင်းနေမဲ့ပုံစံမျိုး။ သို့သော်ထိုလူ့အား မည်သူမျှသတိမထားမိ။ ထိုသူရဲ့လက်ထဲတွင် မီးခြစ်တစ်ခုကိုကိုင်ထားသည်။ ပါးစပ်မှာစီးကရက်မရှိပေမဲ့ ဘာလို့မီးဖြစ်ကိုကိုင်ထားရတာလဲ? ထိုသူ မီးခြစ်ကို ပိတ်လိုက်ဖွင့်လိုက်နှင့် လုပ်နေစဥ် ဘေးနားက ဖြတ်သွားသည့်တစ်ဦးတစ်ယောက်ဆီတိုင်း ကံဆိုးမှုတွေနဲ့ကြုံရသည်။ ထိုသူစကြ်ပေါ်သိူ့လျှောက်လာပြီး လမ်းဆုံမှာရပ်လိုက်ကာ မီးခြစ်အားခြစ်လိုက်သည်။ ထိုမီးခြစ်မှထွက်လာသော မီးတောက်သည် အနက်ရောင်မီးတောက်သာ။..
ဒုန်း
"ကားတိုက်မှုပဲ။ ဟိုလူတော်တော်ထိသွားပြီ။ ambulance ခေါ်..."
သူရှေ့မှာကားတိုက်မှုဖြစ်တာတောင် နည်းနည်းလေးမှမဖြုံ။ သူရဲ့နှုတ်ခမ်းတစ်ဖက်ကိုပင့်တင်ရင်းသာ ကြည့်နေသည်။ ထိုသူသည်သာမာန်မဟုတ်။
သေမင်း:### အသက်၄၂ ကားတိုက်မှုကြောင့် သေရခြင်း။ နတ်ဆိုးပဲ။ ရှိနေခဲ့တာပါလား။
ဆော့ဂျင်:အွန်း...အဲ့လူက သေသင့်နေတာကြာပြီ။ ဒီလူငါနဲ့တွေ့တာ ကံဆိုးတာပဲ။ တာဝန်ကျေလိုက်ပါအုံး။ သွားလိုက်ပါအုံးမယ်။
ဟုပါတယ်။ ထိုသူက သာမာန်မဟုတ်ပါဘူး။ နတ်ဆိုးတစ်ပါးပါ။ သူ့လိုရုပ်ရည်နဲ့ နတ်သားတစ်ပါးဖြစ်ရမှာမဟုတ်ဘူးလား။ ဒါမဲ့သူက နတ်ဆိုးတစ်ပါးပါ။
YOU ARE READING
Star god (Demon)
Fantasy''တခါက နတ်ဘုရားတပါးဟာ လူသားမိန်းကလေးတစ်ယောက်ကို ကယ်မိခဲ့လို့ နတ်ဆိုးဖြစ်သွားခဲ့ဖူးတယ်။'' -ရှင်ရဲ့သရုပ်မှန်က ဘာလဲ။ (ငါလား! နတ်ဆိုးလေ။ မင်းကို အဆိုးတွေကနေ ကယ်တင်ပေးမဲ့ နတ်ဆိုး...)