မှောင်နေတဲ့အခန်းတစ်ခုထဲမှာ ဧကရာဇ်မောင်ချုပ်နှောင်ခံထားရပြီး ကိုယ်ပေါ်ကဒါဏ်ရာတွေက တစ်စစ်စစ်နာကျင်နေသည် ။" ကျွန်တော့ကိုကယ်ပါ "
ဧကရာဇ်မောင်ငိုကာအကူအညီတောင်းနေပေမဲ့ ဘယ်သူမှပေါ်မလာခဲ့ပေ ။ အချိန်အကြာကြီး ကြောက်ရွံ့စွာ အမှောင်ထဲမှာ နေနေခဲ့ရ၍ မေ့မြောသွားလေသည် ။
ဧကရာဇ်နိုးထလာတော့ အဖြူရောင်လိုက်ကာတွေကာစီးထားတဲ့ ဆေးရုံခန်းတစ်ခုအတွင်းရောက်နေခဲ့သည် ။ ဧကရာဇ်ရဲ့လက်တွေကို တင်းကြပ်စွာဆုတ်ကိုင်ထားလျှက် ဧကရာဇ်ရဲ့အမေက အနားမှာရှိနေပြီး ဝမ်းနည်းတဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည် ။
" မေမေတောင်းပန်ပါတယ်သားလေးရယ် … တကယ်တော့လေ သားလေးကိုမေမေပြန်ခေါ်ချင်ပေမဲ့ သခင်ကြီးကမေမေ့ကို ဖိအားတွေပေးနေတယ် … သားလေးသာ သခင်လေးအနားမှာမရှိရင် မေမေတို့လုပ်ငန်းအခက်တွေ့ရမှာ "
" သားအဲ့ဒိနေရာကို ပြန်မသွားချင်ဘူး သူတို့ကသားကိုသဘောမကျဘူး "
" သွားလိုက်ပါသားလေးရယ် … မဟုတ်ရင် မေမေတို့ ဒုက္ခရောက်ရမှာ "
မောင် မုဒြာအိမ်ရောက်သွားပြီးနောက် မောင့်မိသားစုအတွက်ပိုပြီးခက်ခဲလာသည် ။ မောင်တို့လိုသေးငယ်တဲ့လက်အောက်ခံလုပ်ငန်းရှင်ကို အင်အားကြီးအဖွဲ့အစည်းရဲ့ဥက္ကဌက ဖိနှိပ်ချုပ်ချယ်ကာ အမိန်ကိုနာခံအောင်ဖိအားပေးလာသည် ။ မေမေကအဆင်မပြေတာရှိလာတိုင်း မောင့်ဆီလာပြီးငိုယိုကာရင်ဖွင့်လေ့ရှိသည် ။
" သားလေး … သခင်လေးကုမုဒြာက သားလေးကိုအရုပ်တစ်ရုပ်လိုဆက်ဆံနေတာမေမေသိပါတယ် … ဒါပေမဲ့သားလေးသည်းခံရမယ်နော် … သူ့ကိုမေမေတို့လွန်ဆန်လို့မရဘူး "
" သူကမေမေကိုအခက်တွေ့အောင်လုပ်လို့လားဟင် … သူပြောတော့မေမေ့အပေါ်ကောင်းပေးမယ်တဲ့ "
" အဲ့ဒါသူတို့ကလိမ်နေတာ … သူ့အဖိုးကမေမေတို့ချေးထားတဲ့ငွေတွေ ခုအတင်းပြန်တောင်းနေတယ် … သားလေးသူမကျေနပ်အောင် တစ်ခုခုလုပ်ထားလို့လား "
" သား ဘာမှမလုပ်ဘူး "
" ဒါပေမဲ့ခုမေမေ ငွေအရေးတကြီးလိုနေတယ် … သူကမေမေတို့ကိုကူညီမယ်ဆိုပြီးမကူဘူး … မေမေသားလေးကိုမပေးလိုက်သင့်ဘူး … နောက်သူပြောတာတွေကို ဘယ်တော့မှမယုံရဘူးနော် … ချမ်းသာတဲ့လူတွေကကြောက်ဖို့ကောင်းတယ် "
![](https://img.wattpad.com/cover/308856348-288-k627990.jpg)
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...