" ဥက္ကဌ … အခြေနေမကောင်းတော့ဘူး "
လက်ထောက်မန်နေဂျာက ရုံးခန်းထဲသို့ ပြေးဝင်လာပြီး နှဖူးကချွေးတွေကို လက်ဖြင့်ဖယ်ရှားလိုက်ရင်း ဧကရာဇ်ရှေ့သို့ စာရွက်စာတန်းတစ်ချို့ ချပြလိုက်သည် ။
" ဒါက ဘာလဲ "
" မနေ့က ဥက္ကဌကျွန်တော့ကိုပေးခိုင်းလိုက်တဲ့ နမူနာမူကြမ်းက အမှားကြီးဖြစ်နေတယ် "
" ဘာ !! "
ဧကရာဇ်မောင်က ဖိုင်ကိုချက်ချင်းယူကြည့်လိုက်သည် ။ ဧကရာဇ် ဥက္ကဌမဖြစ်ခင်က အဆောက်အဦးဒီဇိုင်းဌာနကို တာဝန်ယူခဲ့ရ၍ ကျွမ်းကျင်နေပြီ ။ ဥက္ကဌဖြစ်လာချိန်မှာ ထိုနေရာကို တစ်ခြားတစ်ယောက်ထံ တာဝန်လွှဲပြောင်းလို့ရပေမဲ့ ဒီတစ်ကြိမ်သူတို့ထံဆက်သွယ်အပ်နှံလာသူက နာမည်ကျော်အဆင့်မြင့်အနုပညာရှင်အမျိုးသမီးတစ်ယောက်ဖြစ်နေသည် ။
ဒါကြောင့်ယခုလိုအရေးကြီးသည့် အိမ်ဆောင်အတွက် ဒီဇိုင်းကို ကိုယ်တိုင်ရေးဆွဲပြီး အိမ်ယာဈေးကွက်မှာ နာမည်တစ်ခုရယူဖို့ ကြိုးစားနေသည် ။ ကိုယ်တိုင် ဥက္ကဌ ကိုယ်တိုင်ဒီဇိုင်းရေးဆွဲသူဖြစ်သည့်အပြင် သူ့ရဲ့ဒီဇိုင်းအပေါ်မှာလဲ ယုံကြည်မှုအပြည့်ရှိသည် ။
ဒီတစ်ခေါက် မြေဝယ်ယူသူရဲ့ခင်ပွန်းက အရာရှိတစ်ဦးရဲ့မြေးဖြစ်ပြီး သူတို့ဇနီးမောင်နှံရဲ့အိမ်တော်ဒီဇိုင်းကိုပါ ဧကရာဇ်တို့ကုမ္ပဏီထံ ယုံကြည်စွာအပ်နှံထားပြီး အကောင်းဆုံး ပြုလုပ်ပေးဖို့မှာကြားထားသည် ။ အမှားအယွင်း ဖြစ်၍မရပေ ။
ဧကရာဇ်မောင်က သူဒီဥက္ကဌရာထူးရပြီးနောက် အိမ်ယာတည်ဆောက်ရေး၌ ဘယ်အရာမှလွယ်ကူမှုမရှိ လက်အောက်ငယ်သားတွေရဲ့ အမှားအယွင်းများစွာကိုသာ ဖြေရှင်းပေးနေရ၍ ဒီတစ်ခေါက်တော့ ဘယ်သူ့ကိုမှမခိုင်းပဲ သူကိုယ်တိုင်ရေးဆွဲခဲ့သည် ။ ထိုအရာက ပြီးဆုံးခါနီးမှ ထပ်မံလွဲမှားသွားပြန်သည် ။ သူ့ရဲ့နမူနာနေရာမှာ သာမန်အိမ်တစ်လုံးရဲ့နမူနာရှိနေသည် ။
" ဒါက ဘယ်လိုဖြစ်တာလဲ … ငါဆွဲထားတဲ့နမူနာကို ပေးခိုင်းခဲ့တာမဟုတ်ဘူးလား "
" သူဌေးပေးတဲ့ဖိုင်ပါပဲ … ဒါပေမဲ့ ကျွန်တော်ဝယ်ယူသူရဲ့လက်ထောက်နဲ့ ဒီဇိုင်းအတွက်ဆွေးနွေးဖို့သွားတော့ နမူနာမူကြမ်းကမှားနေတယ် "
![](https://img.wattpad.com/cover/308856348-288-k627990.jpg)
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...