သာယာလှတဲ့နံနက်ခင်းမှာ ပြတင်းပေါက်ကနေ ဖြာကျနေတဲ့နေရောင်ကြောင့် မုဒြာနိုးထလာခဲ့သည် ။ ဒီနေ့ကျောင်းပိတ်ရက်မို့ မုဒြာရဲ့ဘေးမှာ သားလေးကအိပ်ပျော်နေဆဲဖြစ်သည် ။ မုဒြာထလိုက်တဲ့အခါ သားလေးကိုပါနိုးသွားစေပြီး အိပ်ချင်မူးတူးဖြင့်ထလာသည် ။ မုဒြာက သားလေးရဲ့ခေါင်းကို ပွတ်သပ်ပေးရင်း …
" စောသေးတယ် ပြန်အိပ်လိုက်အုံး … မနက်စာပြင်ပြီးရင် ပါပါးလာနှိုးမယ် "
ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုဆင်းလာတော့ စားဖိုချောင်ဘက်ကို အိမ်ဖော်တစ်ချို့က အာရုံစိုက်ကာကြည့်နေသည်အား မြင်လိုက်ရသည် ။ မုဒြာလဲလှမ်းကြည့်လိုက်တော့ ဧကရာဇ်မောင်တစ်ယောက် ဒယ်အိုးကိုကိုင်လျှက် စမတ်ကျကျဖြင့် မနက်စာအတွက် ပြင်ဆင်ချက်ပြုတ်နေတာကို တွေ့လိုက်ရသည် ။ ဒီမြင်ကွင်းက အားလုံးရဲ့အကြည့်တွေကို ဆွဲဆောင်ထားနိုင်သည် ။
" အဟမ်း "
မုဒြာအသံပေးလိုက်တော့မှ အိမ်ဖော်တွေက သူတို့သခင်ရောက်နေတာကိုတွေ့သွားပြီး နှုတ်ဆက်စကားဆိုကာ ပြာပြာသလဲ ပြေးကုန်ကြသည် ။ ထိုအချိန်မှာ ဧကရာဇ်က နောက်ဆုံးဟင်းပွဲကို ပန်းကန်ထဲထည့်ပြီးခြေပြီ ။ မုဒြာကိုမြင်တော့ လက်ဆေးသန့်စင်ကာ ပြေးလာပြီး …
" ကိုယ့်ဇနီးချောလေး နိုးပြီလား "
" ဘာကိုဇနီးချောလေးလဲ ပုံမှန်ပဲပြောပါ "
" ဒါကပုံမှန်ပဲလေ ဒါဆို ကိုယ့်ချစ်ဇနီးလေးလို့ ပြောရမလား "
ပြောမနိုင်တဲ့လူကို လွှတ်ထားလိုက်ပြီး မုဒြာစားပွဲပေါ်ကစားစရာအစုံကိုကြည့်လိုက်သည် ။ သားလေးတုန်းက မုဒြာအချိုတွေကိုသာသွေးတောင်းပေမဲ့ သမီးလေးအလှည့်မှာတော့ အချည်အငံတွေကိုသာ စားချင်နေသည် ။ ဧကရာဇ်ကလဲ မုဒြာခံတွင်းတွေ့စေမဲ့ အစားအစာတွေကို ပြင်ဆင်ပေးထားသည် ။
" ကိုယ်မနက်စာပြင်ပြီးပြီ တစ်ခါတည်းစားမလား "
" သားလေးကိုပါ အတူခေါ်လိုက်မယ် "
" ကိုယ်ခေါ်လာခဲ့မယ် မင်းခုံပေါ်မှာထိုင်နှင့်လိုက် "
ခနကြာတော့ ဧကရာဇ်မောင် သားလေးကိုခေါ်ပြီး ပြန်ရောက်လာသည် ။ ဧကရာဇ်မောင်ရဲ့လက်ရာက ထင်ထားတာထက်အရသာရှိပြီး မုဒြာကို ခံတွင်းတွေ့စေသည် ။ အစားအသောက်မပျက် ဂရုစိုက်မှုတွေအပြည့်အဝခံစားရတာကြောင့် ဒီတစ်ခေါက်ကိုယ်ဝန်လွယ်ရတာက မုဒြာအတွက် အခက်အခဲတစ်စုံတစ်ရာမရှိခဲ့ပေ ။ အသားအရည်ကလဲစိုပြေပြီး ပိုပြီးဝလာသည် ။
![](https://img.wattpad.com/cover/308856348-288-k627990.jpg)
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...