အင်အားကြီးတဲ့အယ်ဖာတွေက အိုမီဂါတွေကို သိမ်းပိုက်ကြတဲ့ ဒီကမ္ဘာကြီးမှာ ငွေသာရှိရင် အရာအားလုံးကိုပြောင်းပြန်ဖြစ်အောင် လုပ်ဆောင်နိုင်ကြသည် ။ ဥပမာ အင်အားကြီးတဲ့ အိုမီဂါက အယ်ဖာတွေကိုသိမ်းပိုက်လိုက်တာမျိုး ...
ဒါကဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့လဲဆိုနိုင်သလို အင်အားကြီးသူက ကမ္ဘာကြီးကိုတောင် ပြောင်းပြန်လည်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်အားကြီးတဲ့ အိုမီဂါတွေက မိမိနှစ်သက်တဲ့အယ်ဖာတွေကို မိမိစိတ်တိုင်းကြ ရစ်ပတ်ချည်နှောင်ထားတတ်ကြသည် ။
တစ်ချို့က ငွေရေးကြေးရေးကြောင့် မငြင်းဆန်နိုင်ကြသလို တစ်ချို့က မိသားစုအခက်အခဲကြောင့် လက်ခံရတာမျိုးရှိကြသည် ။ တစ်ခါတစ်ရံမှားယွင်းစွာ ချုပ်နှောင်ခံရမှုတို့ကြောင့်လဲ ရုန်းထွက်မရတာမျိုးလဲရှိကြသည် ။
ညအမှောင်ထုထဲမှာ လရောင်ကြောင့် ပွင့်လန်းသည့် လှပတဲ့ပန်းလေးက အဆင်းသာရှိပေမဲ့ အနံ့မဲ့ကာ အဆိပ်ပြင်းမည်ဟု ဘယ်သူကထင်မိမှာလဲ ... တစ်စုံတစ်ယောက်ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ ထိုပန်းကို ချိုးယူမိတာက အမှားကြီးတစ်ခုသာဖြစ်လိမ့်မည် ။
အတိတ်ကိုသာ ပြင်ဆင်နိုင်ခွင့်ရှိမယ်ဆိုရင် ထိုပန်းလေးကိုမတွေ့မိအောင် ရှောင်ဖယ်သွားဖို့ဆုံးဖြတ်မိမည်ပင် ။
*
*
*
မီးရောင်စုံတွေအောက်မှာ ကခုံနေကြသည့် လူတွေက လောကကြီးမှာ ဖြစ်ပျက်နေသမျှကိုမေ့ဖျောက်ကာ ခနသာစိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေကြသည် ။ Alpha , Beta , Omega ဆိုသည့် လူသားအားလုံးဟာ တစ်နေရာထည်းမှာစုဝေးနေကြပြီး ကိုယ့်ဖြစ်တည်မှုတိုင်းကို စိတ်လွတ်ကိုယ်လွတ် ထုတ်ဖော်ပြသကာ ပျော်ရွှင်နေကြသည် ။
ထိုနေရာသို့ Alpha နဲ့ Beta အများစုက စိတ်အပန်းဖြေဖို့အတွက် ရောက်လာတတ်ကြပြီး Omega အများစုကတော့ ဖျော်ဖြေရေးဝန်ဆောင်မှုကိုပေးစွမ်းကြသည် ။ ချိုအီတဲ့သူတို့ရဲ့ဖယ်ရိုမုန်းရနံ့နဲ့ သေသွယ်သည့် ကိုယ်ခန္ဓာအလှတွေက ရက်မကာထက်ပင် လူတွေရဲ့စိတ်ကို ညှို့ယူဖမ်းစားနိုင်ကြသည် ။
![](https://img.wattpad.com/cover/308856348-288-k627990.jpg)
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...