တစ်ပတ်ခန့်ကြာပြီးနောက် …
ယံယံလူနာတွေကိုကုသပေးပြီး အနားယူနေတုန်း Ph Call တစ်ခုဝင်လာသည် ။ ကြည့်လိုက်တော့ ဇွဲကခေါ်နေခြင်းဖြစ်သည် ။
" Hello ! ဇွဲ "
" ယံယံ မင်း မုဒြာနဲ့အဆက်အသွယ်ရလား "
" မရဘူး … သူ့ဖုန်းကလဲ ပိတ်ထားတယ် … မင်းရောသူတို့နဲ့အတူ မရှိနေဘူးလား "
" အဖိုးကြွယ်နာရေးပြီးတော့ ဧကရာဇ်မောင်က မုဒြာကိုခေါ်သွားတာ ခုထိပြန်မလာကြသေးဘူး … ဦးလေးမြတ်ကိုမေးကြည့်တော့လဲ ဧကရာဇ်မောင်က မုဒြာနဲ့တွေ့ခွင့်မပေးပဲ သူစိတ်အဆင်ပြေတဲ့ထိ တစ်ယောက်ထည်းပေးနေဖို့ပြောတယ်တဲ့ … ဒါပေမဲ့ မုဒြာကသန်မာတယ် ဒီလောက်အကြာကြီးသူအချိန်ယူနေမှာမဟုတ်ဘူး … သူ့ကိုဆက်သွယ်လို့မရတာက သူတစ်ခုခုဖြစ်နေလို့များလား "
ယံယံက ဧကရာဇ်မောင်နဲ့မုဒြာရဲ့ကျန်းမာရေးကိုအသိဆုံးမို့ အနည်းငယ်စိတ်ပူပန်သွားသည် ။
" ဧကရာဇ်မောင်က ကန့်တတ်လူနာတစ်ယောက် … သူ့အခြေအနေကိုစမ်းသပ်ပြီးမှမုဒြာနဲ့ပေးနေခိုင်းသင့်တာ … ခု ဧကရာဇ်မောင်ကလဲ ငါ့ကိုဆက်သွယ်မလာဘူး "
" ငါခုပဲ သူတို့ကိုသွားရှာမယ် "
" ခနနေပါဦး … မုဒြာကဧကရာဇ်မောင်နဲ့အတူရှိနေရင် လုံခြုံမှာပါ … ခုအရေးကြီးတာက ကသစ်ပန်းတို့သားအဖကိစ္စဘာဖြစ်သွားပြီလဲ "
" ကသစ်ပန်းတို့သားအဖရဲ့ပြစ်မှုမှတ်တမ်းတွေအားလုံးကိုရရှိပြီ … လူကိုရှာပြီးဖမ်းယုံပဲ … သူတို့လုပ်ထားတာတွေကအပြစ်ကြီးတော့ သေဒါဏ်ကျဖို့များတယ် … ပိုင်ဆိုင်မှုတွေပုံအောပြီးရှေ့နေလိုက်ရင်တောင် သူတို့အသက်ကို ကယ်နိုင်မှာမဟုတ်ဘူး … ဒါပေမဲ့ ခုထိ သူတို့ ၂ ယောက်ကိုလဲ ဘယ်မှာမှရှာမရဘူး … ပြည်ပထွက်ခွင့်လဲပိတ်ထားတော့ ဒီနိုင်ငံထဲမှာပဲရှိနေဦးမှာပါ … မြေလှန်ရှာရင်မကြာခင်တွေ့ရလိမ့်မယ် … သူတို့ကိုရှင်းပြီးမှ မုဒြာအတွက်စိတ်အေးရမှာ "
![](https://img.wattpad.com/cover/308856348-288-k627990.jpg)
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...