မုဒြာထမင်းပန်းကန်တွေဆေးကြောပြီးသွားလို့ အနားယူဖို့ပြင်နေစဉ် စားပွဲပေါ်မှာတင်ထားတဲ့ မောင့်ရဲ့ဖုန်ထဲစာဝင်လာသံကြားလိုက်ရသည် ။ မောင်ကအပြင်ခနသွား၍ အိမ်မှာမရှိနေဘူး ။ ကုမုဒြာ ဖုန်းရဲ့မျက်နှာပြင်ကိုကြည့်မိတော့ ကသစ်ပန်းဆိုတဲ့နာမည်နဲ့စာဝင်ထား၍ မနေနိုင်ပဲဖုန်းကိုယူကာ ဖွင့်ကြည့်လိုက်သည် ။
💬 - ' မောင် … ကသစ်ရဲ့မွေးနေ့က ဒီတစ်ပတ်ပိတ်ရက် … ကသစ်မောင့်ဆီလာခဲ့ရမလား မောင်ကသစ်ဆီလာမှာလား '
စာထဲမှာ သူမရဲ့လေသံကချွဲနွဲ့နေကာ အလွန်မသတီစရာကောင်းလှသည် ။ ကံကောင်းတာက မောင့်လိုလူမျိုးဟာ စကားနည်းသလို စာရိုက်ပြီးအီစီကလီလုပ်တတ်တဲ့အကျင့်လဲမရှိပေ ။
ခုချိန်ထိ မောင်ကဖုန်းကိုလော့ချမထားသလို အလုပ်ကိစ္စအတွက်သာအသုံးပြု၍ တစ်ခြားလူတွေနဲ့ စာပို့ပြီး ပြောထားတာမျိုးမရှိနေပေ ။ ကသစ်ပန်းဘက်ကသာ စာတွေများစွာပို့ထားပြီး မောင်ကတော့ သူ့အကျင့်အတိုင်း အေးဆက်ဆက်စာတစ်ကြောင်းသာပြန်ပို့ထားသည် ။
ထိုစဉ် မုဒြာအတွေးထဲမှာ ကသစ်ပန်းသူ့ကိုပြောခဲ့တဲ့ သူမနဲ့မောင်အတော်လေးအဆင်ပြေနေပြီဆိုတဲ့စကားကို မုဒြာပြန်ကြားမိတော့ ရယ်ချင်လာသည် ။ မောင်က သူမအပေါ်ဒီလောက်ထိ အေးဆက်နေတာကို ဘယ်မှာအဆင်ပြေနေလို့လဲ ?
ထိုစဉ်ကသစ်ပြောတဲ့ သူမရဲ့မွေးနေ့ရက်ကိုတွက်ကြည့်လိုက်တော့ မုဒြာမရယ်နိုင်တော့ပေ ။ ထိုနေ့ကအရမ်းအရေးကြီးသည့်နေ့ဖြစ်နေသည် ။
ဒီလောကမှာ Omega တွေအတွက် Heat Cycle ကာလရှိသလို အယ်ဖာတွေမှာလဲ အိုမီဂါတွေရဲ့ Heat နဲ့တူညီတဲ့ Rut ကာလဆိုတာရှိသည် ။ အိုမီဂါတွေ Heat ဖြစ်ရင် Slick တွေက အယ်ဖာတွေကိုသွေးဆာနေတဲ့ဝံပုလွေအဖြစ်ပြောင်းလဲနိုင်သလို အယ်ဖာတွေ Rut ဖြစ်ရင်လဲ အိုမီဂါကိုထိန်းချုပ်နိုင်ကာ သူတို့ရဲ့သားကောင်ဖြစ်လာစေသည် ။
Rut ကာလမှာ အယ်ဖာတွေကပုံမှန်ထက်ရန်လိုတတ်ကြပြီး ဒေါသလဲကြီးလွယ်သည် ။ သူတို့ရဲ့ထကြွနေတဲ့စိတ်ခံစားမှုကြောင့် အထိန်းအချုပ်မဲ့ကာ ပိုင်ဆိုင်လိုစိတ်ကြီးမားလာတတ်ကြသည် ။ သူတို့ရဲ့အားပြင်းတဲ့အငွေ့အသက်ကြောင့် အနီးအနားရှိအိုမီဂါတွေကိုပါ Heat ဖြစ်စေနိုင်သည် ။ ဒါကြောင့် Run ကာလမှာ အယ်ဖာတစ်ယောက်က အပြင်မှာလျှောက်မသွားနေသင့်ပေ ။
![](https://img.wattpad.com/cover/308856348-288-k627990.jpg)
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Roman d'amourလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...