Chapter - 20

25.5K 1.2K 87
                                    

မုဒြာ ဧကရာဇ်မောင်နဲ့ဆက်နွယ်မှုပြုပြီးနောက် ယံယံဆီမသွားချင်၍ တစ်ခြားဆေးခန်းတစ်ခုထံသွားပြီး ကိုယ်ဝန်အခြေအနေစမ်းသပ်ကြည့်လိုက်သည် ။

အင်အားကြီးတဲ့အိုမီဂါတွေက ၅ လ ၆ လလောက်နှင့်မွေးဖွားနိုင်၍ အင်အားကြီးအိုမီဂါဖြစ်တဲ့မုဒြာရဲ့ ကိုယ်ဝန်က ၃ လရှိပြီမို့ ဗိုက်က ပူထွက်နေသင့်ပြီ ။ သို့ပေမဲ့ ပုံမှန်ထက် အနည်းငယ်သာထွက်နေသေး၍ ဆရာဝန်က  Ultrasound ရိုက်ကြည့်ဖို့အကြံပြုလာတော့ ရိုက်ကြည့်လိုက်တဲ့အခါ ကလေးကကျန်းမာပေမဲ့ ကလေးလေးကသေးနေ၍ ဘာလေးလဲဆိုတာတော့ မသဲကွဲသေးပေ ။ ပုံမှန်အိုမီဂါတွေရဲ့ကလေးကြီးထွားနှုန်းထက် နှေးနေသေးသည် ။

အယ်ဖာရဲ့ဖယ်ရိုမုန်းကို အမြဲရယူကာ ကလေးကိုကြီးထွှားလာအောင် ဂရုစိုက်ပေးဖို့ ဆရာဝန်ကအကြံပြုလိုက်သည် ။ မုဒြာလဲ ဆရာဝန်ရဲ့အကြံပေးမှုတွေကို ကျေးဇူးတင်ကြောင်းပြောပြီး မှတ်တမ်းတွေကိုယူကာ အိမ်သို့ပြန်လာခဲ့သည် ။

" ကုမုဒြာ "

ကသစ်ပန်းက မုဒြာရဲ့အခန်းရှေ့ကနေပိတ်ရပ်နေတာတွေ့တော့ မုဒြာလက်ထဲကဖိုင်ကို သူမမမြင်အောင် အနောက်ကိုအမြန်ဖွက်လိုက်သည် ။ ခုတော့သူမက အရင်လို ဟန်ဆောင်ပန်ဆောင်နဲ့ သခင်လေးဟုပင်မခေါ်တော့ပဲ မောက်မာရိုင်းဆိုင်းလာသည် ။

အိမ်တော်မှာ ဇွဲနဲ့ဧကရာဇ်မောင်လဲရှိပုံမပေါ်သလို ဦးလေးမြတ်ပါမရှိနေတော့ သူမရဲ့ဘီလူခေါင်းက ရုပ်လုံးပေါ်လာတော့သည် ။ မုဒြာက သူမနဲ့မျက်နှာချင်းပင်မဆိုင်ချင်၍ ရှောင်ထွက်ရန်ပြင်လိုက်သည် ။ ထိုအခါ သူမကမုဒြာအနောက်ကဖွက်ထားတဲ့ဖိုင်ကို ဆွဲယူဖို့ကြိုးစားပေမဲ့ မအောင်မြင်ပေ ။

" ဘာတွေမို့ ဒီလောက်ထိဖွက်နေရတာလဲ "

" မင်းကိစ္စမဟုတ်ဘူး "

" ရှင်မောင့်ကို ဘာဆေးတွေကြွေးပြီး ပြောင်းလဲအောင်လုပ်လိုက်လဲမသိပေမဲ့ ရှင်သိထားရမှာက ခုမောင်လုပ်နေတာတွေအားလုံးက ရှင်နဲ့ဇွဲကိုအတူမမြင်ချင်လို့ အရွဲ့တိုက်နေယုံသပ်သပ်ပဲ … မောင်ကရှင့်ကိုမုန်းနေတုန်းပဲ "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now