အရာအားလုံးဟာ အဆင်ပြေသွားပြီထင်ထားခဲ့ပေမဲ့ နောက်ပိုင်း အိမ်မက်ဆိုးတွေက ပိုပိုပြီးထင်ရှားစွာ မြင်မက်လာခဲ့သည် ။ ဧကရာဇ်မောင်ဟာ မနက်အိပ်ယာမှနိုးထလာတိုင်း သူ့ရဲ့ဘေးနားမှာ ကုမုဒြာမရှိနေလျှင် အရင်ကထက်ဆိုးရိမ်စိတ်တွေ ပိုလာခဲ့သည် ။ တစ်စုံတစ်ရာကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်က ဖုံးလွှမ်းနေပြီး ကုမုဒြာအပေါ်ပြုလုပ်ခဲ့သည့်အမှားတွေက သူ့ကိုယ်သူပြန်ခြောက်လှန့်နေသည် ။
ကုမုဒြာကတော့ သူနဲ့ဆန့်ကျင်စွာပင် အရင်လို သူ့ရဲ့ဖယ်ရိုမုန်းတွေကို တန်းတန်းတတ အရူးအမူးမတောင့်တတော့ပဲ တစ်ယောက်ထည်း နေတတ်လာသည် ။ မုဒြာက သူ့ကိုမမြင်ရရင် မနေတတ်တဲ့အကျင့်ကနေ ခုတော့ သူ့ကိုမမြင်အောင် ပုန်းရတာကို နှစ်သက်သွားပုံပင် ။ မုဒြာရဲ့မျက်နှာကို မြင်တွေ့ရဖို့က ဧကရာဇ်မောင်အတွက်အလွန်ခက်ခဲလာသည် ။ သူ့ကိုအတင်းချုပ်နှောင်ပြီး အရယူတတ်တဲ့မုဒြာကိုပြန်လွမ်းမိသည် ။ ခုမုဒြာက သူ့ဘက်ကစတင်လျှင်တောင် ရုန်းထွက်သွားတတ်သည် ။ ဒီလိုတွေဖြစ်လာတော့ နှလုံးသားထဲက ခံစားချက်တွေက အတော့်ကို ခံရခက်သည့် ဝေဒနာတစ်ခုအလားပင် စူးနင့်ကာနာကျင်နေသည် ။
ဧကရာဇ်မောင်ကတော့ အရင်ကနဲ့ဆန့်ကျင်စွာပင် သူအမြဲမုန်းတီနေခဲ့တဲ့ ထိုလူသားလေးရဲ့မျက်နှာက နေရာတိုင်မှာဆွဲထင်နေသည် ။ ကုမုဒြာရဲ့အနံ့အသက်တွေက သူ့အားလုံခြုံမှုအပြည့်ပေးနိုင်သလို နွေးထွေးသည်ဟုခံစားလာရသည် ။ မုဒြာရဲ့ဂရုစိုက်ပေးမှုတွေကိုလဲ ဟန်ဆောင်နေသည်ဟု မမြင်နိုင်တော့ပဲ အစစ်အမှန်ဆိုတာ ယုံကြည်သွားသည် ။
ဝေဝါးနေပေမဲ့ ကောင်းမွန်တဲ့အိမ်မက်တွေကို ပိုပြီးထင်ရှားစွာမြင်မက်ခွင့်ရချင်သည် ။ အိမ်မက်ထဲမှာ သူတို့ဟာ ပြုံးပျော်နေကြသည် ။ သူ့ကိုနာကျင်အောင်လုပ်တဲ့လူက ထိုလူသားမဟုတ်နေခဲ့ပေ ။ ဒါပေမဲ့ သူမုဒြာအပေါ်လုပ်ဆောင်ခဲ့သမျှ အတိတ်ကဖြစ်ရပ်တွေဟာ အိမ်မက်ထဲကသူတို့နဲ့ဆန့်ကျင်စွာ သူ့ရဲ့နောက်ထပ်မကောင်းတဲ့မိစ္ဆာပုံစံလိုမျိုး မြင်နေရသည် ။ ထိုမိစ္ဆာကောင်က သူ့ကိုယ်သူ ပြန်လှောင်ရယ်နေသည် ။
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romantizmလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...